BEC-TERO TV

မလေးရှားတွင် နဂါးနှင့်ဆင်တူသော ဒဏ္ဍာရီလာ မကောင်းဆိုးရွားတွေ့ရှိ (ရုပ်သံ)

26 Mar 2019     1,672 Views


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လမ်းမပေါ်တွင် ရှေးဟောင်း ဒိုင်နိုဆောခေတ်က ရှိခဲ့ဖူးသည့် နဂါးနှင့် ဆင်တူသော သတ္တဝါကြီးတစ်ကောင်ကို သစ်ပင်တစ်ပင်ထက်မှာ နားနေရာမှ ပျံသန်းသွားသည့်ရုပ်သံ ပျံ့နှံ့ခဲ့ပြီးနောက် မလေးရှားအာဏာပိုင်များက ပြည်သူများအနေနဲ့ နိုးနိုးကြားကြားနေကြဖို့ နှိုးဆော်ခဲ့ပြီး အဆိုပါသတ္တဝါကြီးနဲ့ ပက်သက်တဲ့ ရုပ်သံများ ဓာတ်ပုံများ သက်သေအထောက်အထားပေးပို့နိုင်သူအား ဆုငွေချီးမြှင့်မည်ဟု မတ်လ ၂၅ ရက်နေ့ထုတ် မလေးရှားသတင်းစာ theSun ၏ ၏ ခေါင်းကြီးပိုင်းမှာ ဖော်ပြထားကြောင်း သိရှိရသည်။
 
 
ရုပ်သံတွင် တွေ့ရသည့် သတ္တဝါကြီးမှာ လူပုံသဏ္ဍန်ရှိပြီး ကြီးမားတဲ့ အတောင်ပံနှစ်ဖက်နဲ့ အမြီးတို့ပါ ပါရှိတာကို ထူးဆန်းစွာ တွေ့မြင်ရသည်။ အဆိုပါသတ္တဝါမျိုးဟာ ဒဏ္ဍာရီထဲက မကောင်းဆိုးဝါးအနေနဲ့  ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီးပြီး Aswang-Devil ဟု အမည်ရှိကြောင်း သိရသည်။
 
 
Aswang-Devil နဲ့ ပက်သက်၍ ပုံပြင်ကွဲပေါင်းများစွာရှိပြီး တူညီတာကတော့ ဒီမကောင်းဆိုးရွားတွေရဲ့ အကြိုက်ဆုံးအစားအစာက မမွေးဖွားရသေးတဲ့ မိခင်ဗိုက်ထဲက သန္ဓေသားနဲ့ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။ ဗိုက်ထဲကသန္ဓေသားလောင်းကို မိခင်ဖြစ်သူ အိပ်ပျော်နေချိန်မှာ စုတ်ယူပြီးစားသောက်တတ်ပါတယ်။ သူတို့တွေဟာ အရမ်းမြန်ပြီး တိတ်ဆိတ်တတ်သလို အသံပြုတတ်တဲ့ မျိုးနွယ်တွေလည်းရှိပါတယ်။
 
ဒါ့အပြင် လူအရှင်ရော လူသေကိုပါ လူတွေမရိပ်မိအောင် ခိုးယူပြီး ခန္ဓာကိုယ် အစားထိုးလဲတတ်ပါသေးတယ်။ လူရှင်တစ်ယောက်ကို ဖမ်းယူသွားပြီးရင် သူ့အစားပုံစံတူတစ်ယောက် ပြန်အစားထိုးပေးထားလိုက်ပါတယ်။ 
 
ဒါပေမယ့် ပုံစံပွားထားတဲ့ လူဟာ သိပ်မကြာခင်မှာ နေမကောင်းဖြစ်လာပြီး သေဆုံးသွားတတ်ပါတယ်။ သူတို့ဟာ ညဘက်တွေမှာ မျက်လုံးနီကြီးတွေနဲ့ ခန္ဓာကိုယ်တွေကို ခိုးဖို့ အိမ်တွေကြားမှာ လိုက်ရှာတတ်ကြတယ်လို့ ဝီကီမှာဖော်ပြထားပါတယ်။ 
 
ဒီသတ္တဝါကြီးတွေကို ဖိလစ်ပိုင်မှာ ရံဖန်ရံခါ ဖြတ်ကနဲတွေ့ရတတ်ပြီး ယခုလို ရုပ်သံနဲ့ ဖမ်းယူရရှိခဲ့တာမျိုး မရှိသေးပါဘူး။ မလေးရှား အာဏာပိုင်တွေကတော့ ပြည်သူတွေ နိုးနိုးကြားကြားရှိဖို့ နှိုးဆော်ထားပါတယ်။
 
ရုပ်သံ - Sayar S Win
 

26 Mar 2019     1,672 Views




RELATED

Most Popular of Special or Others

Most Popular of NEWS