BEC-TERO TV

ဂျပန်မြေမှာယှဉ်ပြိုင်ရမယ့် မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲကြီး

29 Mar 2019     1,458 Views


လာမည့် တနင်္ဂနွေနေ့ည မတ်လ ၃၁ ရက်နေ့မှာ မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ KenHasegawa တို့ ထိုးသတ်ကြမယ့် မယ်ဒယ်ဝိတ်ချန်ပီယံခါးပတ်စိန်ခေါ် ပွဲကြီးနေ့ပွဲဖြစ်ပါတယ်။ အဆိုပါ ပွဲကိုခ Hasegawa ၏ အမိမြေ ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

Deep အလွတ်တန်းချန်ပီယံဟောင်း Hasegawa က အဆိုပါ အမိမြေမှာ ထိုးသတ်ရမည့် အာသာချက် ပွဲဖြစ်တာကြောင့် အနိုင်ရလဒ်ရအောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။ အဆိုပါနှစ်ယောက်ဟာပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လပိုင်းက ONE:SPIRIT OF A WARRIOR ပြိုင်ပွဲကြီးကို သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီးနောက် အောင်လက ပဉ္စမအချီတွင် Hasegawa ကို ခက်ခက်ခဲခဲ အလဲထိုးသတ်နိုင်ခဲ့ပါတယ်။

 

အဆိုပါတွဲဆိုင်းက “တစ်နှစ်တာအတွက်အကောင်းဆုံးတွဲဆိုင်း”အဖြစ် သတ်မှတ်ခြင်းခံရသည့် အပြင်ONE ၏အကောင်းဆုံးထိပ်တန်းပြိုင်ပွဲ ၁၀ဝ တွင် နံပါတ် ၁ အဖြစ် မှတ်တမ်းတင်ခြင်ခံခဲ့ရပါတယ်။

ယခုနှစ်မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE:A NEW ERA  ပြိုင်ပွဲကြီးတွင် ထို ကစားသမား၂ ဦး ထပ်မံထိုးသတ်ရန် စီစဉ်ထားပြီးဖြစ်ကာ အဆိုပါတွဲဆိုင်းအတွက် ပရိသတ်များနှင့် မီဒီယာများ စိတ်လှုပ်ရှားစွာ စိတ်ဝင်စားမှုမြှင့်တက်နေပါတယ်။

Deep အလွတ်တန်းချန်ပီယံဟောင်း Hasegawa “ကျွန်တော်ဘယ်တုန်းကမှ ဆက်တိုက် မရှုံးခဲ့ဖူးဘူး။ ဒါကြောင့် နောက်ထပ်ရှုံးမှာတော့ မဟုတ်တော့ပါဘူး” ဟုHasegawa သည် မကြာသေးခင်က ပြုလုပ်ခဲ့သောonefc.com နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့ပါတယ်။

ယခုလာမည့်ပွဲစဉ်သည်ကစားသမား ၂ ဦးလုံးအတွက် သမိုင်းတွင်မည့် ပြိုင်ပွဲတစ်ခုဖြစ်လာမည်ဖြစ်သလို အဆိုပါပွဲစဉ်သည် မြန်မာ့စပါးအုံး အောင်လ၏ ပထမဦးဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် ချန်ပီယံခါးပတ်ကို ကာကွယ်ယှဉ်ပြိုင်သော ပြိုင်ပွဲဖြစ်သလို Hasegawa အနေနှင့်လည်း ၎င်း၏ ပရိသတ်များ၏ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ONEကမ္ဘာ့ချန်ပီယံခါးပတ်ကို ယှဉ်ပြိုင်ခြင်းဖြစ်တယ် လို့သိရပါတယ်။

စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်မယ့် ပွဲကြီးမှာ အောင်လအန်ဆန်ကပဲ ချန်ပီယံဆုကို ကာကွယ်သွားနိုင်မလား ၊ Hasegawa ကပဲ အဆိုပါဆုကို လက်ဝယ်သိမ်းပိုက်သွားမလား စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်နေတာအမှန်ပါပဲ ……


29 Mar 2019     1,458 Views




RELATED

Most Popular of Boxing

Most Popular of Sport