BEC-TERO TV

အကျဉ်းဦးစီး အိပ်ဆောင်တာဝန်ကျအားစစ်ဆေးရာ စိတ်ကြွမူးယစ်ဆေးဝါးများတွေ့ရှိ

02 Apr 2019     1,715 Views


မန္တလေးတိုင်းဒေသကြီးမိတ္တီလာအကျဉ်းဦးစီးဌာန အိပ်ဆောင်တာဝန်ကျ ဝန်ထမ်းအား တာဝန်ချိန်နောက်ကျ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် အရေးယူထားကြောင်းသိရသည်။
 
 
ဧပြီ(၁)ရက်၊ နေ့လည်(၁၂)နာရီခန့်က မိတ္တီလာအကျဉ်းဦးစီး လထကြီးကြပ်ရေးမှူး(၁) ဦးဆန်းမင်းထွန်း မှ တာဝန်ဆောင်ရွက်နေစဉ် အိပ်ဆောင်တာဝန်ကျ တပ်သား×××× ရောက်ရှိမလာသဖြင့် စောင့်ဆိုင်းနေစဉ် မွန်းလွဲ(၁၂း၂၀)အချိန်ခန့်တွင် တပ်သား×××× မှ အကျဉ်းဦးစီးတံခါးမကြီးမှ ဝင်ရောက်လာသဖြင့် လထကြီးကြပ်ရေးမှူး ဦးဇော်ထွန်းချို၊ တပ်သားနန်းသွင် တို့နှင့်တူ ၎င်းအားရှာဖွေရာ တပ်သား×××× မှ ပါးစပ်အတွင်းငုံလာသော အရာဝတ္တုအား ဝါးလိုက်သဖြင့် ၎င်းလက်အတွင်းသို့ ထွေးထုတ်ခိုင်းပြီး စစ်ဆေးကြည့်ရာ အဖြူရောင်တိတ်ဖြင့် ပတ်ထားသော ပလပ်စတစ်အအေးပိုက်ဖြင့်ထည့်လျက် ပန်းရောင်စိတ်ကြွဆေးပြား ဟု ယူဆရသော ကြေမွနေသည့် ဆေးပြား(၄)လုံးစီခန့်ပါ ပိုက်(၂)ချောင်းအား တွေ့ရှိ၍ အထက်လူကြီးများထံတင်ပြပြီး မြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ စခန်းမှူး ဒုရဲမှူးကျော်ထင် နှင့်အဖွဲ့ ရောက်ရှိလာပြီး သက်သေများနှင့်အတူ ရှာဖွေပုံစံ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်အရအကျဉ်းဦစီးဌာနလ/ထကြီးကြပ်ရေးမှူး(၁)ဦးဆန်းမင်းထွန်း ၏တိုင်တန်းချက်အရ တပ်သား××××× (၁၉)နှစ် အကျဉ်းဦးစီးဌာန မိတ္တီလာမြို့အား မြို့မရဲစခန်းမှ (ပ)၄/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်အမှုဖွင့် အရေးယူဖမ်းဆီးစစ်ဆး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
သတင်း - ရွှေမောင်မောင်(မိတ္ထီလာ)
 

02 Apr 2019     1,715 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS