BEC-TERO TV

မှတ်ညဏ်ကောင်းဖို့အတွက် ဦးနှောက်ကျန်းမာရေး အလေ့အကျင့်များ

02 Apr 2019     1,549 Views


ကျွန်နုပ်တို့ရဲ ့ဦးနှောက်တွေဟာ ဆန်းကြယ်ပါတယ်။ အရာရာကို သိမှတ်ခံစား ၊ဆင်ခြင်သုံးသပ် ၊ ဆုံးဖြတ်ကြရတာဖြစ်ပါတယ်။အိပ်နေ့စဉ်အတွင်းမှတောင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ အလုပ်လုပ်နေရတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဦးနှောက်ကျန်းမာရေးသည် အထူးတလည် ပြုလုပ်ပေးရန်မလိုဘဲ ပုံမှန်အလေ့အထ ပြုလုပ်ပေးသွားရင် မှတ်ညဏ်ကောင်းစေပြီး ကိုယ်လုပ်တဲ့ အလုပ်တွေ အမြန်ပြီးမြောက်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာရေးက ဘာတွေလဲ ..?
 
လေ့လာကြည့်ရအောင်..

၁။ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အိပ်စက်ပါ။
 
တစ်နေ့မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲ့မှာ စိတ်ဖီးစီးမှုတွေရှိလာမှာပါ၊ ပျော်ရွင်စရာတွေကိုဆိုရင် စိတ်က ခံစားတတ်သလို့ စိတ်ဖီးစီးမှုတွေရှိလာရင်လည်း ဦးနှောက် ကမှတ်သားတတ်ပါတယ်။ ဒါကြောင့် ကြုံတွေ ့ခဲ့ရတဲ့ စိတ်ဖီစီးမှုတွေကို မေ့ပျောက်ဖို့က အိပ်စက်ခြင်းပါ။ လူတိုင်းက အိပ်စက်ခြင်းသာပြည့်ဝရင် စိတ်ကြည်လင်နေတတ်ပါတယ်။ထို့ကြောင့် စိတ်ဖီစီးမှုတွေ မေ့ပျောက်နိုင်ဖို့က တစ်နေ့ကို (၇)နာရီကနေ (၉)နာရီလောက်အထိ ကောင်းကောင်းအိပ်စက်ဖို့ပဲ ဖြစ်ပါတယ်။
 
၂။ အိပ်ရာစောစောထခြင်း
 
သင့်ရဲ့ဦးနှောက်ဟာ Circadian rhythm လို့ ခေါ်ဆိုတဲ့ ဟန်ချက်ညီညွတ်မှုကို ပုံမှန်ဖြစ်စေဖို့အတွက် အာရုံခံဆဲလ်တွေကို အသုံးပြုပါတယ်။ Circadian rhythm ဆိုတာကတော့ ခန္ဓာကိုယ်တွင်း ဇီဝနာရီအားလုံးကို ထိန်းချုပ်နိုင်တဲ့ ဇီဝနာရီတစ်ခုဖြစ်ပါတယ်။ Circadian rhythm မူမမှန်မှုတွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ အိပ်မပျော်ရောဂါ၊ ဟော်မုန်းမူမမှန်ခြင်း စတဲ့ ရောဂါဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် မနက်စောစော နေထွက်တာနဲ့ အိပ်ရာထခြင်းက သင့်ရဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်။
 
၃။ စိတ်တည်ငြိမ်မှုရှိပါ။ တရားထိုင်ပါ။
 
တရားထိုင်ခြင်းဟာ စိတ်ကိုတည်ငြိမ်စေပါတယ်။ဦးနှောက်ကို မှက်ညဏ်ကောင်းစေပြီး အာရုံကြောနဲ့ဆိုင်တဲ့ အကျိုးအာနိသင်တွေ အများကြီးရှိတယ် လို့ဆိုပါတယ်။ဒါကြောင့် တရားထိုင်းခြင်းကလည်း ဦးနှောက်လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် တစ်နေ့ကို နာရီဝက်ခန့် တရားထိုင်ပေးသင့်ပါတယ်.။
 
၄။ စိန်ခေါ်မှုအသစ်တွေရှာဖွေပါ
 
ဦးနှောက်က ဖွံ့ဖြိုးတိုးတက်နေဖို့ လိုအပ်ပါတယ်။ သင့်အတွက် အဆင်မပြေတာ၊ ထူးဆန်းတာ၊ မကြုံဖူးမလုပ်ဖူးတာ၊ ကြောက်စရာကောင်းတာ စတဲ့ အတွေ့အကြုံသစ်တွေက သင့်ရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါ့ကြောင့် ပုံမှန်တွေ့ကြုံနေကျမဟုတ်တဲ့ အသစ်တွေကို တွေ့ကြုံခံစားကြည့်ဖို့ ကြိုးစားပါ။

 


02 Apr 2019     1,549 Views




RELATED

Most Popular of Health Fix

Most Popular of Life Style