BEC-TERO TV

၆ နှစ်လုံးလုံး ဒုက္ခိတအတန်းဖော်ကို ကျောပိုးပြီး ကျောင်းကြိုပို့ လုပ်ပေးတဲ့ ကျောင်းသားလေး

02 Apr 2019     1,514 Views


အချစ်ဆုံးသူငယ်ခြင်းပါလို့ ဆိုကြတဲ့သူတွေတောင် သူတို့နှစ်ယောက်လို အနစ်နာခံပြီး ချစ်နိုင်ကြမယ်မတင်ပါဘူး။ တရုပ်နိုင်ငံက အသက် ၁၂ နှစ်အရွယ် ကျောင်းသားလေးဟာ လမ်းလုံးဝ မလျှောက်နိုင်တဲ့ မသန်မစွမ်း ဒုက္ခိတ အတန်းဖော် သူငယ်ချင်းကို ၆ နှစ်လုံးလုံး ပျက်ရက်မရှိ ကျောပိုးပြီး ကျောင်းအကြိုအပို့ လုပ်ပေးနေပါတယ်။
 
 
အသက် ၁၂ နှစ်အရွယ် “Xu Bingyang” ဆိုတဲ့ ကျောင်းသားလေးဟာ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတသူငယ်ချင်း “Zhang Ze” ကို ကျောင်းတက်နိုင်အောင် နေ့စဉ်ကုန်းပိုးပြီး အကြိုအပို့လုပ်ပေးခဲ့သူပါ။ ဒါတင်မကသေးပါဘူး ထမင်းစားဆင်းချိန်ဆိုရင်လည်း အနားမှာ အကူညီပေးသလို မတူတဲ့ ဘာသာရပ်တွေ သင်ဖို့ အခန်းပြောင်းပြီး တက်ရတဲ့အခါမှာလည်း ချီပိုးပြီး ရွေ့ပြောင်းပေးခဲ့တဲ့အတွက် “Zhang Ze” ရဲ့ ပညာသင်ကြားရေးဟာ အခက်အခဲ မရှိခဲ့ပါဘူး။
 
“Zhang Ze” ဟာ အသက် ၄ နှစ်အရွယ်ကစလို့ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ကြွက်သားတွေ လှုပ်ရှားမှုမမှန်တဲ့ ရောဂါဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ခြေထောက်ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အတွက် အကူညီမပါပဲ တစ်ယောက်ထဲ လမ်းလျှောက်လို့ မရတော့ပါဘူး။
 
 
စင်ဟွာသတင်းမှာ ဖော်ပြချက်အရ “Xu Bingyang” ဟာ “Zhang Ze” ထက် အရပ်မြင့်ပြီး ပိုသန်မာတာကြောင့် ကျောပိုးရတာ သူ့အတွက်အခက်အခဲမရှိဘူးလို့ ဆိုပါတယ်၊ ဒါ့အပြင် သူအခုလို ကူညီရတာကို ပျော်ပါတယ်လို့ ပြောခဲ့ပါတယ်။
 
“ကျွန်တော်ကိုယ်အလေးချိန်က ၄၀ ကီလို ကျော်လောက်ရှိတယ် သူက ၂၅ ကီလိုလောက်ပဲရှိတော့ သူ့ကို ကျောပိုးပြီး သွားရတာ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။
 
လတ်တလောမှာတော့ “Zhang Ze” က “Xu” လို သူငယ်ချင်းမျိုး ရဖို့ ဘယ်မှာမှ ရှာလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “Xu က ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ နေ့တိုင်း ကျောင်းအတူတူသွား၊ စာတူတူကျက်၊ စကားတွေပြောပြီး အတူတူ ကစားပေးတယ်၊ အခုလို ကျွန်တော့်ကို နေ့တိုင်းစောင့်ရှောက်ပေးလို့ သူ့ကို ကျေးဇူးတင်ပါတယ်” လို့ “Zhang Ze” က ပြောပါတယ်။
 
တစ်ကယ်တော့ သူတို့နှစ်ယောက်ရဲ့ အဖြစ်က သိပ်မလွယ်လှပါဘူး။ နီးနီးလေး ဆိုပေမယ့် ကျောင်းခန်းထဲကနေ အိမ်သာသွားဖို့ ၃ မိနစ်လောက် အချိန်ယူကြရပါတယ်။ “Xu Bingyang” က “Zhang Ze” ကို လက်နဲ့ မ ချီပီးမှ တစ်ရွေ့ရွေ့သွားကြရပါတယ်။ လှေကားထစ်တွေ တက်ရတဲ့အချိန်မှာ ကျောပိုးပြီးသွားရပါတယ်။
 
 
“Xu” ရဲ့ မိခင်ဟာ သားဖြစ်သူ ကျောင်းမှာ ဘာတွေ လုပ်နေလဲဆိုတာ သေချာမသိခဲ့ပါဘူး။ “Xu” ဟာ အနေအေးတဲ့ ကလေးဖြစ်တာကြောင့် စကားလည်းနည်းတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ နောက်ပိုင်းကြမှ သားဖြစ်သူဟာ သူ့ရဲ့ အတန်းဖော်သူငယ်ချင်းကို ကူညီပေးနေတာတွေ သိခဲ့ရပါတယ်။ “Xu” ကတော့ ဒုက္ခိတသူငယ်ချင်းဖြစ်တဲ့ “Zhang Ze” ကို ဆက်ပြီး ကူညီဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
 

02 Apr 2019     1,514 Views




RELATED

Most Popular of Special or Others

Most Popular of Life Style