BEC-TERO TV

အသက် (၅၀) ကျော်လူကြီးတွေအတွက် အသင့်တော်ဆုံးအစားအစာများ

04 Apr 2019     1,435 Views


လူမှန်ရင် တစ်ချိန်မှာ ဇရာကိုရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ အသက်(၃၀) ကျော်လာတဲ့အခါမှာ အရိုးအဆစ်တွေဟာ အရင်လို မသန်မာတော့ပဲ လေးလံထိုင်းမိုင်းလာပါလိမ့်မယ်။ ဒါဟာ လူတိုင်းတွေ့ကြုံနေရတဲ့ ဇရာစတင်ခြင်းလို့ပြောလို့ရပါတယ်။ အသက် (၃၀) ကျော်တွေတောင် ဒီလိုကြုံတွေ့နေရတယ်ဆိုရင် အသက် (၅၀) ကျော် မိဘတွေအရွယ်၊ အဖိုးအဖွားတွေအရွယ်ဆိုရင် ဘယ်လိုမျိုး ကြုံတွေ့နိုင်ပါသလဲ၊ သူတို့ အတွက်နေကောင်းကျန်းမာအောင် ဘယ်လို အစားအစာမျိုးတွေ ရွေးချယ်စားသုံးသင့်လဲဆိုတာ ပိုပိုလေးမှ ဝေမျှပေးလိုက်ပါတယ်။

၁။ ပဲအမျိုးမျိုး

ဆိုရိုးစကားတောင်ရှိပါတယ်။ ပဲ ဟာအသားဓာတ်နဲ့ တူတူပါပဲ ၊ အသားမစားရင် ပဲစားပါဆိုပြီးစကားပုံရှိကြပါတယ်။ အဆီများပြီးလေးလံထိုင်းမိုင်းစေတဲ့ အသားတွေစားမယ့်အစား ပဲအမျိုးမျိုးကိုစားသုံးပေးမယ်ဆိုရင် သွေးထဲက သကြားဓာတ်ကို မြှင့်တက်စေပြီး နေလို့ထိုင်လို့ကောင်းစေမှာဖြစ်ပါတယ်။

၂။ အုတ်ဂျုံ

အုတ်ဂျုံဟာ ကိုလက်စထရော လယ်ဗယ်ကို ထိန်းညှိပေးတာကြောင့် သွေးလည်ပတ်မှုအားကောင်းစေပြီး နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေမှာပါ။ အသက် (၅၀) ကျော်လူကြီးတွေ ထုံထိုင်းတာတွေ၊ မူးဝေတာတွေမဖြစ်စေဖို့အကောင်းဆုံးပါပဲနော်။

၃။ ပန်းသီး

ပန်းသီးဟာ အမျှင်ဓာတ်ပမာဏ ၅ ဂရမ်ပါရှိပြီး လူကြီးများအတွက် ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ သင့်အိမ်မှာ ဆီးချို ဖြစ်နေတဲ့ လူကြီးတစ်ယောက်ယောက်ရှိရင် ပန်းသီးများများစားခိုင်းလိုက်ပါနော်။

၄။ အစေ့အဆန်များ

သီဟိုစေ့၊ ဗာဒံစေ့၊ သစ်ကြားစေ့တို့စားသုံးပေးခြင်းဟာ ရုတ်တရက်နှလုံးအမောဖောက်ခြင်းမှာ ကာကွယ်တားဆီးပေးပါတယ်။ အားတိုင်း အာလူးကြော်တို့ ဘာတို့ စားနေမယ့်အစား ဒီလို အစေ့အဆန်လေးတွေ စားပေးခြင်းကသင့်ကျန်းမာရေးအတွက် ပိုသင့်လျော်မှာပါ။

၅။ အစိမ်းရောင်ရှိတဲ့အရွက်များ

အစိမ်းရောင် ကရိုလိုဖီးလ်အရွက်များဟာ ဗီတာမင် အီးကြွယ်ဝတာကြောင့် အရွယ်သုံးပါးမရွေး ကျန်းမာရေးနဲ့ညီညွှတ်စေတာကြောင့် စားသုံးသင့်တဲ့ အစားအစာပါပဲ။ လူတစ်ယောက်ဟာ ဗီတာမင် အီး မဖြစ်မနေလိုအပ်ပါတယ်။ စိတ်ပညာရှင်တွေပြောကြားချက်အရ အသက်(၅၀) ကျော်လူကြီးတွေဟာ အရွယ်ကျလာပြီဖြစ်တဲ့အတွက် စိတ်ဖိစီးမှုများတာမျိုးတွေဖြစ်လာတတ်ပါတယ်၊ ဗီတာမင် အီးမှာ စိတ်ဖိစီးမှုလျော့နည်းစေနိုင်တဲ့ ဓာတ်တစ်မျိုးပါရှိတာကြောင့် မဖြစ်မနေ အစိမ်းရောင်ရှိတဲ့အရွက်တွေကို စားသုံးပေးသင့်ပါတယ်။

၆။ ဒိန်ချဉ်

လူကြီးတွေဟာ အသက်ကြီးလာတဲ့နဲ့အမျှ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ လွယ်လွယ်နဲ့ အိပ်ပျော်စေနိုင်ဖို့ အိပ်ခါနီး ဒိန်ချဉ်တစ်ခွက်သောက်ပေးခြင်းဖြင့် အကျိုးသက်ရောက်စေမှာပါ။

၇။မုန်လာဥနီ

မုန်လာဥနီ ဟာ မျက်စိအမြင်အားကောင်းစေတာကြောင့် အသက် (၅၀) ကျော်လူကြီးတွေ စားသုံးဖို့ အသင့်တော်ဆုံးပါ။ အမျှင်ဓာတ်များစွာပါဝင်ပြီး အစာအိမ်အူလမ်းကြောင်းကို သန့်ရှင်းစေဖို့ အထောက်အကူ ဖြစ်စေတာကြောင့် လူတိုင်းစားသုံးပေးသင့်ပါတယ်။

၈။ ထောပတ်သီး

အစိမ်းရောင် ရှိတဲ့ အရွက်တွေအပြင် နောက်ထပ် ဗီတာမင် အီးကြွယ်ဝတဲ့ အသီးကတော့ ထောပတ်သီးပါပဲ။ အထက်မှာရေးသားထားတဲ့ အစိမ်းရောင်အရွက်များနည်းတူ ထောပတ်သီးဟာ ဗီတာမင်အီးကြွယ်ဝတာကြောင့် စိတ်ဖိစီးမှုတွေ ကင်းစေမှာဖြစ်ပါတယ်။
 
ဒီလောက်ဆို မိတ်ဆွေတို့လဲ ကိုယ့်အိမ်က လူကြီးတွေကို ဘယ်လိုအစားအစာမျိုးတွေ ရွေးချယ်ကျွေးမွေးသင့်တယ်ဆိုတာသိလောက်ပြီထင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။
 
(ပိုပိုလေး)

 


04 Apr 2019     1,435 Views




RELATED

Most Popular of Health Fix

Most Popular of Life Style