BEC-TERO TV

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေး ၂ ဦးအား လိင်ကုန်ကူးမှုမှ ကယ်တင်

04 Apr 2019     1,329 Views


ထိုင်းနိုင်ငံ ချိုင်းရိုင် စီရင်စုရှိ ကာရာအိုကေ အရက်ဘားတစ်ခုတွင် ပြည့်တန်ဆာအဖြစ် လိင်ကုန်ကူးမှုခံထားရသော အသက်မပြည့်သေးသည့် မြန်မာမိန်းကလေး ၂ ဦးအား ထိုင်းရဲအဖွဲ့မှ ဧပြီလ ၂ ရက် အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
ထိုင်းရဲမှတ်တမ်းတွင် ဖော်ပြချက်အရ ကာရာအိုကေ အရက်ဘား ပိုင်ရှင်ဟာ အကျင့်ပျက်ရဲအား တစ်လလျှင် ဘတ်ငွေ ၂၀,၀၀၀ ပေးကာ အသက် ၁၈ နှစ်အောက် မိန်းကလေးများအား ပြည့်တန်ဆာအဖြစ် ခိုင်းစေနေမှုကို ဖုံးကွယ်ထားရန် ညှိနှိုင်းလုပ်ကိုင်ခဲ့သည်။
 
အဆိုပါအရက်ဘားတွင် အိပ်ခန်း ၄ ခန်း ဖန်တီးပြုပြင်ထားပြီး လိင်ဆက်ဆံလိုသူများက တန်းစီစနစ်နဲ့ အလှည့်ကျသွားကြရသည်။ အများစုမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များဖြစ်ပြီး အသက် ၃၀ ဝန်းကျင် မြန်မာအမျိုးသမီးတစ်ဦးလည်း ရှိကြောင်း ဖော်ပြထားသည်။
 
အသက် ၁၇ နှစ်အရွယ် မိန်းကလေး၏ ပြောပြချက်အရ ည ၈ နာရီကနေ နံနက် ၂ နာရီကျော်ထိ လူရှိရင်ရှိသလောက် ဖျော်ဖြေခံရပြီး တစ်ကြိမ်လျှင် ဘတ် ၁,၁၀၀ ရရှိကြောင်း ထိုအထဲက ဆိုင်ရှင်က ဘတ် ၅၀၀ နှုတ်ယူသလို အခန်းခအတွက် ဘတ် ၁၀၀ လည်း ထပ်မံဖြတ်ခံရကြောင်း သိရသည်။
 
ကျမမှာ သုံးစရာပိုက်ဆံမရှိလို့ ဒီအခြေအနေကို ကျိတ်မှိတ်ပြီးနေရတာပါ၊ ဒါမှမဟုတ် အရင်ညတွေက ရထားတဲ့ ပိုက်ဆံတွေ ဆုံးရှုံးရမှာ” ဟု ဒီလိုအဖြစ်ကနေ လွတ်အောင်မရုန်းနိုင်တဲ့ အခြေနေကို ပြောပြခဲ့ပါတယ်။
 
အခုလို ဖမ်းဆီးနိုင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌါနနဲ့ ပူးပေါင်းပြီးမှ တစ်လကျော်ကြာ ထောက်လှမ်းမှုတွေ လုပ်ပြီးမှ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးရေးအဖွဲ့မှ အကြီးအကဲ Ronnasit Preukyachiva က ပြောကြားခဲ့ပါတယ်။ အခုလို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုမှာ ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး သူတို့ရဲ့အသက်တွေကို လူပွဲစားတွေက ရှိရင်းစွဲထက် ကြီးအောင် လိမ်လည်ထားတယ်လို့ ဆိုပါတယ်။
 
ထိုင်းရဲတွေက အသက် ၄၆ နှစ်အရွယ် ကာရာအိုကေ အရက်ဘားပိုင်ရှင် Suthat Thesnam ကို ဖမ်းဆီးသွားခဲ့ပါတယ်။ Suthat ဟာ ယခင်ကလည်း လိုင်စင်မရှိပဲ ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်မှု၊ ပြည့်တန်ဆာမှုတို့နဲ့ တရားစွဲခံထားရဖူးသူဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။

04 Apr 2019     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS