BEC-TERO TV

ကင်ဆာ ဆဲလ်တွေကို ချက်ခြင်းသေစေတဲ့ အစားအစာ (၁၀)မျိုး

05 Apr 2019     2,356 Views


ကင်ဆာရောဂါ သို့မဟုတ် မြစ်ပွားနာလို့ သိထားတဲ့ ရောဂါဟာ ခန္ဓာကိုယ်အတွင်းမှာ ပုံမှန်မဟုတ် မလိုလားအပ်တဲ့ ဆဲလ်တွေကို နည်းမျိုးစုံနဲ့ အမြစ်တွေလို ပြန့်ပွားလာတာကြောင့်ဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားပေါင်းဟာလည်း ရာနဲ့ချီပြီး ရှိပါတယ်။ အဲဒီအထဲကမှ အဖြစ်အများဆုံး က်ငဆာရောဂါတွေကတော့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ နဲ့ ပရော့စတိတ်ကင်ဆာ(အမျိုးသားများ သုတ်ရည်လွှတ်အကျိတ်) တို့ ဖြစ်ကြပါတယ်။
 
ကင်ဆာရောဂါ တစ်မျိုးနဲ့တစ်မျိုး လက္ခဏာရပ်တွေလည်း မတူညီကြပါဘူး။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ နေရောင်ခြည်ထိခံရလွန်းတာနဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့မှုများလွန်းတာကလည်း ကင်ဆာရောဂါ ဖြစ်ဖို့ တွန်းအား အများဆုံးပေးတတ်ပါတယ်။
 
မည်သည့်ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရသည်ဖြစ်စေ အောက်ဖော်ပြပါအစားအစာ (၁၀)မျိုးကို စားသောက်လိုက်တာနဲ့ ကင်ဆာဆဲလ်တွေ ချက်ခြင်းသေစေနိုင်လို့ ရောဂါသက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။  ကင်ဆာရောဂါကို ကြိုတင်ကာကွယ်လိုသူတွေအတွက်လည်း ဒီအစားအစာတွေက ကင်ဆာလဲလ်တွေ မပေါက်ပွားလာအောင် တားဆီးပေးနိုင်ပါတယ်။
 
၁။ ပန်းဂေါ်ဖီစိမ်း
 
ပန်းဂေါ်ဖီစိမ်း ဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရာမှာ များစွာအထောက်အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ ဂလူးကို့စ်ဆီနိုလိတ်စ် ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကာကွယ်ပေးတဲ့ အင်ဇိုင်းများစွာ ပါဝင်ပါတယ်။
 
ပန်းဂေါ်ဖီစိမ်းကနေ ရရှိနိုင်တဲ့ သန်းပါင်းများစွာသော အင်ဇိုင်းတွေထဲမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို အဓိကထားတိုက်ဖျက်တဲ့ ဆာလ်ဖော်ရာဖိန်း ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်က ဆေးသုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုအရ ဆာလ်ဖော်ရာဖိန်း ဟာ ပါးစောင်၊ ရင်သား၊ အသည်း၊ အဆုပ် နဲ့ အစာအိမ်ကင်ဆာတွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
 
ရေနွေးဖျောထားတာ သို့မဟုတ် ပေါင်းထားတဲ့ ပန်းဂေါ်ဖီစိမ်း ကို တစ်ရက်လျှင် လက်ဖက်ရည် ပန်ကန်လုံး ၂ လုံးခန့် စားပေးသင့်ပါတယ်။
 
၂။ ရေနွေးစိမ်း (Green Tea)
 
ဂရင်းတီး ဟာလည်း ကင်ဆာအမျိုးအစား တော်တော်များများကို ခုခံတိုက်ဖျက်ပေးတယ်လို့ နာမည်ကြီးပါတယ်။ ဂရင်းတီးမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတွေက ကင်ဆာဆဲလ် ရှင်သန်ပျံ့ပွားမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဆဲလ်တွေ ပျက်ဆီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
 
တစ်ရက်လျှင် ဂရင်းတီး ၂ ခွက်ကနေ ၃ ခွက်လောက် နေ့စဉ်ပုံမှန် သောက်ပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။
 
၃။ ခရမ်းချဉ်သီး
 
 
ကင်ဆာကိုတိုက်ဖျက်ဖို့ အင်အားကောင်းတဲ့ အင်တီအောက်ဆီဒင့်တွေ ရစေတဲ့ လိုက်ကပင်းဓာတ်ဟာ ခရမ်းချဉ်သီးမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ဆဲလ်တွေ ပျက်ဆီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
 
ဒါ့အပြင် ခရမ်းချဉ်သီးဟာ ခန္ဓာကိုယ်တွင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပေါက်ပွားခြင်းကို ရပ်တန့်စေနိုင်ပါတယ်။ ဗီတာမင် A, C နဲ့ E တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ယိုယွင်းပျက်ဆီးမှုတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ခရမ်းချဉ်သီးကို ပုံစံမျိုးစုံနဲ့ စားသုံးနိုင်ပြီး တစ်ရက်လျှင် အချိုပုဂံလုံး တစ်လုံးခန့်စာ ပါးပါးလှီးထားတဲ့ ပမာဏခန့် စားသောက်သင့်ပါတယ်။
 
၄။ အပြာရောင်ဘယ်ရီသီး (Blueberries)
 
ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဘလူးဘယ်ရီသီးထဲမှာ အမြောက်အများ ပါဝင်ပါတယ်။ ဒီလိုဘယ်ရီသီးတွေဟာ ဆဲလ်တွေကို ပျက်ဆီးစေတဲ့ အကြောင်းနဲ့ ကင်ဆာအပါအဝင် အခြားရောဂါတွေ ဖြစ်စေနိုင်တဲ့ အရာတွေကို ပင်ကိုယ်သဘာဝအတိုင်း ကာကွယ်ပေးနိုင်ပြီးသားဖြစ်ပါတယ်။
 
သူမှာ ဗီတာမင် C နဲ့ K တို့အပြင် အမျှင်ဓာတ်လည်း ပါတာကြောင့် ကင်ဆာဖြစ်နိုင်ချေကို  အထူးလျော့ကျစေပါတယ်။ ဘယ်ရီသီးက ပါးစောင်၊ အသည်း၊ အဆုတ်၊ အရေပြား၊ ပရော့စတိတ် နဲ့ သားအိမ်ကင်ဆာတွေအတွက် အထူးကောင်းမွန်ပါတယ်။
 
၅။ ဂျင်း
 
ဆေးဘက်ဝင်တဲ့အထဲမှာ ဂျင်း က မပါမဖြစ် သဘာဝအစားအစာ တစ်ခုဖြစ်ပါတယ်။ ဂျင်းမှာ ကင်ဆာဆဲလ်တွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပါတယ်။ ဂျင်းဟာ ကင်ဆာပြန့်ပွားမှုကို ရပ်တန့်စေပြီး နောက်ထပ် မပျံ့ပွားအောင်ပါ ထိန်းချုပ်နိုင်ပါတယ်။
 
ဂျင်းစာ အဆုတ်၊ ရင်သား၊ အရေပြား နဲ့ ပရော့စတိတ် ကင်ဆာတို့ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဂျင်းရေနွေးကြမ်း က်ု တစ်ရက်လျှင် ၂ ခွက်ကနေ ၃ ခွက်ထိ ပုံမှန်သောက်ပေးခြင်းဖြင့်၎င်း ချက်ပြုတ်တဲ့နေရာမှာ ထည့်ပေးခြင်းဖြင့်၎င်း စားသုံးနိုင်ပါတယ်။
 
၆။ ကြက်သွန်ဖြူ
 
ကြက်သွန်ဖြူ စားရင် ခံတွင်းနံ့နံတယ်လို့ အစွဲမထားပါနဲ့ တစ်ကယ်တော့ ကြက်သွန်ဖြူစိမ်းက နံတာမဟုတ်ပါဘူး၊ ကြက်သွန်ဖြူကြော်ကသာ ခံတွင်းနံ့နံစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာ၊ အာဂျီနီး နဲ့ ဆီလီနီယမ် ဒြပ်ပေါင်းတွေက ကင်ဆာကို ကောင်းကောင်းကြီး လျော့ချပေးနိုင်ပါတယ်။
 
ကြက်သွန်ဖြူကို နေ့စဉ်ပုံမှန် စားပေးခြင့်ဖြင့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နိုင်တဲ့ ကင်ဆာမျိုးစုံရဲ့ အန္တရာယ်ကနေ လွတ်ကင်းနိုင်ပါတတယ်။
 
၇။ ဟင်းနုနွယ်
 
အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီဒင့်ပါတဲ့ ဟင်းနုနွယ်ရွက် က ဆဲလ်တွေ မပျက်ဆီးအောင် ကာကွယ်ပေးပါလိမ့်မယ်။ သူ့မှာပါဝင်တဲ့ သတ္တုဓာတ်တွေက ပါးစောင်၊ သားအိမ်၊ အဆုပ်၊ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကင်ဆာတွေအပြင် အခြားကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
 
ဟင်းနုနွယ်ကို တစ်ပတ်မှာ တစ်ရက်လောက် ကြော်စားတာပဲဖြစ်ဖြစ် ဟင်းချိုချက်သောက်တာပဲဖြစ်ဖြစ် စားဖြစ်အောင် စားပါ။
 
၈။ တလည်းသီး (သလဲသီး)
 
ကင်ဆာရောဂါကို ဆန့်ကျင်နိုင်တဲ့ သစ်သီးဖြစ်ပါတယ်။ အင်တီအောက်ဆီဒင့် အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။ အရည်ရွှမ်းတဲ့ တလည်းသီးဟာ ဇီဝဗေဒအရ ကင်ဆာဖြစ်စဉ်ထဲမှာ နိုးကြွလာတဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ 
 
ရင်သား၊ အသည်း၊ အရေပြား၊ ပရော့စတိတ်နဲ့ အူမကင်ဆာတွေအတွက် အထူးကာကွယ်ပေးပါတယ်။ တလည်းသီးကို ဖျော်ရည်အဖြစ်၊ အသီးလိုက်အဖြစ် မနက်စာစားပြီး စားသုံးပေးသင့်ပါတယ်။
 
၉။ သစ်ကြားသီး
 
ကင်ဆာရောဂါကို တိုက်ဖျက်ပေးတဲ့ နောက်ထပ်အစားအစာကတော့ သစ်ကြားသီးပါ။ သူ့မှာပါဝင်တဲ့ အဟာရဓာတ်ပေါင်းအားလုံးက ကင်ဆာဖြစ်စေမှုကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။
 
သစ်ကြားသီးကို နေ့စဉ် တစ်အောင်စခန့် ပုံမှန်စားပေးခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်ပါတယ်။
 
၁၀။ စပျစ်သီး
 
စပျစ်သီးနဲ့ စပျစ်သီးစေ့ နှစ်မျိုးစလုံးမှာ ကင်ဆာကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အင်တီအောင်ဆီဒင့် ပြည့်ဝစွာပါဝင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ ပရိုတိန်းရဲ့ ဖြစ်စဉ်တွေကို ပိတ်ဆို့ကာကွယ်ပေးပါတယ်။
 
စပျစ်သီးကို နေ့စဉ် လက်ဖက်ရည်ပုဂံလုံး တစ်လုံးစာ စားပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။
 
(ပိုပိုလေး)

 


05 Apr 2019     2,356 Views




RELATED

Most Popular of Health Fix

Most Popular of Life Style