BEC-TERO TV

ဆယ်ကျော်သက်တွေ နွေရာသီကျောင်းပိတ်ရက်မှာ တစ်ပိုင်တနိုင် အလုပ်လုပ်ကြမယ်

09 Apr 2019     1,493 Views


နွေရာသီရောက်ပြီဆိုရင် စာမေးပွဲတွေလည်းပြီး ကျောင်းတွေပိတ်တော့ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ  တို့ အာလပ်ချိန်ရရှိကြပါပြီ။ ဒီအားလပ်ချိန်လေးမှာ တစ်ပိုင်တစ်နိုင် မိဘအလုပ်ကို ကူစေတာမျိုး ၊ အပြင်မှာ ကိုယ်ပိုင်ဝင်ငွေရစေမဲ့ အလုပ်မျိုးစလုပ်ဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
 
ဆယ်ကျော်သက်အရွယ်မှာ လုပ်ငန်းခွင်ဝင်နိုင်တဲ့အတွက် ကျောင်းပြီးတဲ့မှ ဝင်တဲ့ လူငယ်တွေထက် အများကြီးအားသာချက်ရှိပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဆယ်ကျော်သက်အရွယ်ရောက်တာနဲ့ သူတို့ကိုယ်ပိုင်ဝင်ငွေရဖို့အတွက် အလုပ်လုပ်ကြတယ်လို့ဆိုပါတယ်။
 
ကျောင်းပိတ်လို့အာလပ်ချိန်မှာ အလုပ်တစ်ခုရှိခြင်းက ကလေးငယ်တွေရဲ့ တွေးခေါ်နိုင်စွမ်း တည်ငြိမ်တဲ့စိတ် နောင်တစ်ချိန်မှာ အလုပ်တာဝန်ထမ်းဆောင်ချိန်မှာ တာဝန်ယူမှု ၊ အချိန်တန်ဖိုး တွေကို နားလည်လာနိုင်တာကြောင့် အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အာရှအချမ်းသာဆုံး ဟောင်ကောင် သူဌေးကြီး လီကွမ်ယု ဟာ  အသက် ၉ နှစ်အရွယ်ကတည်းက တစ်ပိုင်တစ်နိုင်အရောင်းအဝယ် လုပ်ငန်းလေးတွေ လုပ်တတ်လာပြီး အသက်အရွယ်ရလာချိန်မှာ ပိုက်ဆံကို လွယ်လွယ်ကူကူရှာတတ်လာတဲ့ စီးပွားရေး လုပ်ငန်းရှင်းကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
 
တချို့မိဘတွေက ကလေးကို ပင်ပန်းမှာဆိုးလို့ မထိရက် မခိုင်းရက် နဲ့ ကိုယ့်သားသမီးတွေကို သက်သက်သာသာထားကြပါတယ်။ကျူရှင်တွေတတ် ၊ စာတွေချည်းအတင်း လိမ့်သင်နေတတ်မျိုးတွေက ပြုလုပ်တတ်ကြပါတယ်။ ဒါက ကလေးငယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်ပါတယ်။
 
ဒါကြောင့် နွေရာသီမှာ ကလေးငယ်တို့ တစ်ပိုင်တစ်နိုင်အလုပ်လုပ်ခြင်းကဘာတွေအကျိုးရှိစေမလဲဆိုတာကို မျှဝေလိုက်ပါမယ်။
 
၁။ အလုပ်မှာ ဆက်ဆံရေး သဘောတရားတွေနားလည်လာမယ်
 
ကိုယ့်ရဲ ့ကလေးငယ်တစ်ဦးဟာ ကျောင်းပိတ်ရက်မှာ အလုပ်လုပ်ချင်တယ်ဆိုရင် လုပ်ခွင့်ပေးလိုက်ပါ။ သူတို့ အတွက် အလုပ်ခွင်မှာပေါင်းသင်းဆက်ဆံရေး အကြောင်းကို နာလည်လာပါမယ်။ စီနီယာ ဆရာတွေရဲ့ လက်အောက်မှာ သင်ကြားမှုကြောင့် ပြင်ပ ဗဟုသုတတိုးစေပါတယ်။ အမြဲတစေ ကျောင်းစာတွေနဲ့ ပိနေတဲ့ ကလေးငယ်တွေ မတူညီတဲ့ ဘောင်အပြင်ကို ခဏရောက်သွားတာကြောင့် ဦးနှောက်ကို ပွင့်လင်းစေပြီး လေ့လာမှုတွေဆန်းသစ်စေပါတယ်။
 
၂။ တာဝန်ယူတတ်လာတယ်
 
အလုပ်လုပ်ပြီဆိုတာနဲ့ ကိုယ်အလုပ်ကိုတာဝန်ယူရပါတယ် ။ ဒါဟာ လုပ်ငန်းသဘောတရားရဲ့ ကျင့်ဝတ်ပါ ။ ဒါတွေကို သူတို့တွေ နားလည်တတ်လာမယ်။ အကျွမ်းတဝင်မရှိတဲ့ လုပ်ငန်းသဘောတရားတွေကို နားလည်လာမယ်။ အလုပ်မှာ အရေးကြီးတာ မကြီးတာ ဘာတွေလဲဆိုတာ ခွဲခြားတတ်လာမယ်။ ဒါတွေဟာ လုပ်ငန်းနယ်ပယ်က သင်ပေးလိုက်တဲ့ ဗဟုသုတအကြီးစားတွေပါပဲ ..
 
၃။ စီးပွားရေးမှာ လည်ပတ်စီးဆင်မှု အသိတွေ တိုးလာဦးမယ်
 
ဒါကတော့ အကြီးစားရလဒ်ပါ ဆယ်ကျော်သက်အရွယ်မှာ ဒါတွေသိထားရင် အရွယ်ရောက်တာနဲ့ အော်တို စီးပွားရေး နားလည်းသူကြီးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တွေဟာ ဆန်းသစ်တဲ့ အတွေးအမြင်တွေ ရှိပါတယ်။ ကိုယ့်ကအလုပ် လုပ်တယ် ၊ ဒါတွေကို ဘယ်နေရာတွေမှာ အသုံးပြုမလဲ .. ဘယ်နေရာတွေကနေ ပိုက်ဆံတွေဝင်လဲဆိုတဲ့ စီးပွားရေး ဦးနှောက်ကြီးတွေ တပ်ဆင်ပေးလိုက်ခြင်းပါ။ အဲ့အကျိုးတွေကိ မိသားစုစီးပွားရေးမှာပါ အထောက်အကူပေးနိုင်စွမး်ရှိပါတယ်။ ကိုယ်ပိုင်ဝင်ငွေလေးတွေ စုတတ်လာမယ်  ၊ ပိုက်ဆံရဲ ့တန်ဖိုးကို နာလည်းတတ်လာနိုင်တာပေါ့…
 
နောက်တစ်ချက်က

၄။ တိုးတတ်မှု (Skill)
 
ဒီအချိန်မှာဆိုရင် သူတို့မသိတဲ့ အကြောင်းကိစ္စလေးတွေ သိရှိသွားတာကြောင့် သူတို့ကိုယ်သူတို ကျေနပ်နေကြပါတယ်။ ပြင်ပဗဟုသုတတွေကနေ ရရှိလာတဲ့ အချိန်စီမံခန့်ခွဲမှုတွေ ၊ လုပ်ငန်းသဘောတရားတွေ ၊ ဝန်ဆောင်မှုသဘောတရားတွေကို နာလည်းတတ်လာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာစေတဲ့ တိုးတတ်မှု (Skill) တွေပဲဖြစ်ပါတယ်။
 
ဒါပေမယ် ကလေးငယ်တွေရဲ ့ဆန္ဒမပါဘဲ အတင်းအကျပ်ခိုင်းစေတာမျိုး ၊ဖိအားပေးတာမျိုးမလုပ်ဖို့ လိုအပ်ပါတယ် ။ကျောင်းပိတ်ရက်မှာ သူ့တို့နိုင်တဲ့ သင့်လျှော်တဲ့ အလုပ်မျိုးကိုသာ လမ်းညွန်ပြသခြင်းဖြင့် ကူညီပေးရပါ့မယ်။

 

 


09 Apr 2019     1,493 Views




RELATED

Most Popular of Special or Others

Most Popular of Life Style