BEC-TERO TV

မင်္ဂလာပွဲမှာ သတို့သမီးလိုဝတ်ပြီး ချစ်သူကိုလာပြန်လုတဲ့ ရည်းစားဟောင်း (ရုပ်သံ)

09 Apr 2019     1,465 Views


တရုပ်နိုင်ငံက မင်္ဂလာဆောင်ပွဲ တစ်ခုမှာ သတို့သမီးနဲ့ သတို့သားတို့ မင်္ဂလာယူနေချိန်၊ အခမ်းအနားမှူးကလည်း သြဘာစာဖတ်ပြီး သူတို့နှစ်ဦး မင်းပရိသတ်အပေါင်းတို့ရဲ့ ရှေ့မှာ အကြင်လင်မယားမြောက်ကြောင်း အနမ်းခြွေရတော့မယ့် အချိန်မှာ သတို့သမီးလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး စင်ပေါ်ကို တက်လာတာကြောင့် အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။
 
 
အဆိုပါအဖြစ်ပျက် ရုပ်သံဟာ တရုပ်လူမှုကွန်ယက် မီဒီယာပေါ်မှာ လျှပ်စီးလက်သလို ချက်ခြင်းပျံ့နှံ့သွားခဲ့ပါတယ်။
 
 
ရုပ်သံမှာတော့ အမျိုးသမီးဟာ စင်ပေါ်တက်လာပြီး သတို့သားရဲ့လက်ကို အတင်းဆွဲကာ တောင်းပန်နေပါတယ်။ သတို့သားက ပြန်ရုန်းပြီး သူ့ရဲ့မင်္ဂလာသတို့သမီးနားမှာ သွားပြန်ရပ်နေပါတယ်။ မင်္ဂလာသတို့သမီးကတော့ မျက်နှာပျက်နေပါပြီ။
 
 
နောက်ဆုံးမှာ ရှက်စိတ်နဲ့ သတို့သမီးဟာ စင်ပေါ်ကနေ ထွက်သွားပါတယ်။ သတို့သားကို အမျိုးသမီးက ဆွဲထားပေမယ့် တွန်းဖယ်ပြီး မင်္ဂလာသတို့သမီးနောက် လိုက်သွားတာကို တွေ့ရပါတယ်။ သတို့သမီးဝတ်စုံနဲ့ အမျိုးသမီးကတော့ စင်ပေါ်မှာ ထိုင်လျက်ငိုယိုပြီးကျန်နေခဲ့ပါတယ်။
 
 
တရုပ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သတိုးသားဟာ သူ့ရဲ့ချစ်သူဟောင်းနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပါတယ်။ အဲဒီနောက် သူမင်္ဂလာဆောင်ချိန်မှာ ချစ်သူဟောင်းက မဖိတ်ထားပဲ သတို့သမီးလို ဝတ်လာပြီး အခုလိုပွဲပျက်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ 
 
 
ရုပ်သံမှာတော့ ရည်းစားဟောင်း အမျိုးသမီးက ဒူးထောက်ပြီး “ကျွန်မရဲ့အမှားတွေပါ” လို့ တောင်းပန်နေတာကို တွေ့ရပါတယ်။ အချစ်နဲ့ပက်သက်တဲ့ ဆိုရိုးစကားတစ်ခုမှာတော့ “အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာဖို့ အရာရာပေးဆပ်ဖို့ အသင့်ဖြစ်နေတာပါ” တဲ့.. မိတ်ဆွေကရော အချစ်ကို ဘယ်လိုများ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါလိမ့်..။
 

09 Apr 2019     1,465 Views




RELATED

Most Popular of Special or Others

Most Popular of NEWS