BEC-TERO TV

မြစ်ကူးတံတား လမ်းဆက်ပြိုပြီး စက်လှေပေါ်တည့်တည့်ပြုတ်ကျ (ရုပ်သံ)

09 Apr 2019     1,250 Views


ဧပြီလ ၆ ရက်နေ့ နံနက်စောစောပိုင်းက ဘရာဇီးနိုင်ငံတွင် မြစ်ကိုဖြတ်ကျော်ထိုးထားသော ကားလမ်းတံတားကြီး၏ လမ်းဆက် အစိတ်အပိုင်းတစ်ခု ကျိုးကျခဲ့ပြီးနောက် မြစ်အတွင်းသွားလာနေသော ကုန်တင်စက်လှေတစ်စီးပေါ် ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။
 
ပြည်တွင်းသတင်းအေဂျင်စီ Agencia Brasil ၏ သတင်းအရ တံတားပေါ်တွင် ကားနှစ်စီး မောင်းနှင်နေစဉ် တံတားကျိုးကျမှုဖြစ်ခဲ့ပြီး ကောက်ပဲသီနှံများတင်ဆောင်လာသည့် စက်လှေပေါ် ပြုတ်ကျခဲ့ကြောင်း ဖော်ပြထားသည်။
 
 
ယခုလိုအဖြစ်ပျက်မျိုး ဖြစ်ပွားမှုဟာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း မြို့တော်ဝန် Helder Barbalho က သူ့ရဲ့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်သားများ၏ အဆိုအရ စက်လှေပေါ်မှလူများနဲ့ စာရွက်စာတမ်းအထောက်ထားများ မတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ တံတားကျိုးကျမှုတွင် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိကြောင်းလည်း ရှင်းလင်းစွာ မသိရပါ။
 

09 Apr 2019     1,250 Views




RELATED

Most Popular of International News

Most Popular of NEWS