BEC-TERO TV

ဒူးခေါင်းနာခြင်းဝေဒနာ သက်သာပျောက်ကင်းစေမယ့် အစားအစာ (၇)မျိုး

10 Apr 2019     1,641 Views


နေ့စဉ်နဲ့အမျှလှုပ်ရှားသွားလာနေရတဲ့ လူနေမှုဘဝကြီးမှာ ကျွန်တော်တို့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု နေထိုင်လို့မကောင်းရင် အလုပ်လုပ်ရတာလဲ အလိုလိုနေရင်းမပျော်တော့ပါဘူး။ ဒူးခေါင်းဟာလဲ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လို့နေပါတယ်။ 
 
ကျွန်တော်တို့ ဒူးခေါင်းနာလာတယ်ဆိုရင် ထိုင်ရမလို၊ ထရမလို  ထိုင်နေရင်လဲ တဆစ်ဆစ်ကိုက်၊ ထနေရင်လဲနာတာတွေရှိလာပြန်တဲ့ ဒူးခေါင်းဝေဒနာဟာ အင်မတန်မှ ခံရခက်ပါတယ်။ ဒူးခေါင်းနာလေ့ရှိတဲ့မိတ်ဆွေတို့အတွက် ပိုပိုလေးမှ သဘာဝ အစားအစာတွေကို စားသုံးရင်းဒူးခေါင်းနာသက်သာစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ မုန်လာဥနီ

ဒူးခေါင်းနာ သက်သာစေချင်တယ်ဆိုရင်တော့မုန်လာဥနီကို ကြော်စားတာက အကောင်းဆုံးပါ။ ဒါဟာရှေးခေတ်ကတည်းက တရုတ်လူမျိုးတွေ အသုံးပြုခဲ့တဲ့ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ ဥနီကို ဒီတိုင်းအစိမ်းစားတာကလဲဆေးဖက်ဝင်ပေမယ့် ကြော်စားတာက ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆေးပညာစာအုပ်တွေမှာဖော်ပြထားပါတယ်။

၂။ နနွင်းမှုန့်

ကုလားပဲဟင်း၊ ကုလားစာကြိုက်နှစ်သက်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒူးနာနေတယ်ဆိုရင်တော့ ကုလားပဲဟင်းထဲကို နနွင်းမုန့်များများထည့်ပြီး စားသုံးပေးလိုက်တာအကောင်းဆုံးဖြစ်မှာပါ။

၃။ ဂျင်း

တခါတလေ ဒူးနာတာ ၊ ဒူးကိုက်တာတွေဟာ လေကြောင့် အပူကြောင့်ဖြစ်တတ်တာမျိုးတွေရှိပါတယ်။ ဒီလို ဝေဒနာမျိုးခံစားရတဲ့အခါ ဂျင်းပြုတ်ရည် ပူပူလေး တစ်ခွက်သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ဟာအပူကင်းစင်စေပြီး သွေး၊လေ လည်ပတ်မှုကောင်းစေမှာဖြစ်ပါတယ်။

၄။ သစ်ကြားသီး

သစ်ကြားသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိုမီဂါ-၃ ပါဝင်မှုများတာကြောင့် ဒူးခေါင်းနာ သက်သာစေမှာဖြစ်ပါတယ်။ သစ်ကြားသီးစားပေးခြင်းအားဖြင့် မှတ်ဉာဏ်အား ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ဝိတ်မတက်အောင်လဲ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

၅။ ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ oleic အက်ဆစ်ဟာ ဒူးခေါင်းနာခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် oleic အက်ဆစ်  ဒူးခေါင်းမှာဖြစ်လေ့ရှိတဲ့ ထိခိုက်ဒဏ်ရာ တွေကိုလဲ အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

၆။ ငရုတ်သီး အနီတောင့်

ငရုတ်သီးအနီတောင့်ဟာ ဗီတာမင်စီကြွယ်ဝတာကြောင့် အရိုးတွေ၊ အဆစ်တွေသန်မာအားကောင်းလာစေဖို့ မဖြစ်မနေစားသင့်တဲ့အရာဖြစ်ပါတယ်။

၇။ နာနတ်သီး

အချဉ်သီးထဲမှာ ဗီတာမင်စီအကြွယ်ဝဆုံးလို့ပြောရမယ့် နာနတ်သီးဟာလဲ အရိုုးအဆစ်တွေ သန်မာလာစေဖို့ စားပေးသင့်တဲ့အရာဖြစ်ပါတယ်။ နာနတ်သီး ဖျော်ရည်တစ်နေ့တစ်ခွက်လောက်သောက်ခြင်းက သင့်ကို ဒူးခေါင်းဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းစေပါလိမ့်မယ်။
 
(ပိုပိုလေး)

10 Apr 2019     1,641 Views




RELATED

Most Popular of Health Fix

Most Popular of Life Style