BEC-TERO TV

ပေါင်ခြံ ဒဏ်ရာကြောင့် အေဂျက်စ်နဲ့ ပွဲစဉ်မှာ လွဲချော်ဖွယ် ရှိနေတဲ့ ရော်နယ်ဒို

10 Apr 2019     1,330 Views


ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ  နိုင်ငံတကာ ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာကြောင့် ယနေ့ညမှာ ကစားမည့် ပွဲစဉ်မှာ အေဂျက်စ်နဲ့ လွဲချော်ဖွယ်ရှိတယ်လို သိရပါတယ်။

အေဂျက်စ်နည်းပြကလည်း “ ရော်နယ်ဒို ပါဝင်လာရင်တော့ တကယ်ကို ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားရမှာပါ။ စိန်ခေါ်မှုတွေကို ကျွန်တော် သဘောကျပါတယ် ၊ ရော်နယ်ဒို ပါဝင်လာဖို့ မျော်လင့်ပါတယ် ” လို့  ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းက အက်သလတ်တီကို အသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့တာတောင် အိမ်ကွင်းမှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ရီးရဲလ်မက်ထရစ်အသင်းနဲ့အတူ ချန်ပီယံ သုံးနှစ်ဆက် ရယူထားနိုင်ခဲ့ပြီး အခု ဂျူဗင်တပ်စ်အသင်းကိုလည်း ချန်ပီယံဖလားကိုင်မြှောက်ပေးနိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကွင်းလယ်ကစားသမား အမ်မရီချန် ကလည်း “ ရော်နယ်ဒို ပါလာတာ  က ၊ အသင်းကို ပိုမိုတောင့်တင်းစေတယ် ၊ သူဟာ အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ယောက်ပါလို့ ” ချီးကျူးလိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်စ်အသင်း အိမ်ကွင်းမှာ ခက်ခက်ခဲ့ခဲ့ ရနိုင်ပြီး အေဂျက်စ်အသင်းဟာလည်း ချန်ပီယံလိဂ် သုံးနှစ်ဆက် ချန်ပီယံကိုတောင် ၁၆ သင်းအဆင့်မှာ နောက်ကောက်ချနိုင်ခဲ့တာဖြစ်ပါတယ်။


10 Apr 2019     1,330 Views




RELATED

Most Popular of Football

Most Popular of Sport