BEC-TERO TV

အိမ်ကွင်းတွေ ရလဒ်ကောင်း မရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ( ပ-ကျော)

11 Apr 2019     1,318 Views


ဒီနေ့ မနက်ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် (ပ-ကျော့) ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘာစီလိုနာအသင်းကို ၀-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက အေဂျက်စ်အသင်းကို အဝေးကွင်းမှာ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရဲ့ ပေမယ့် ဂိုးပေါက်တည့်အောင် တစ်ကြိမ်မှ ကန်သွင်းနိုင်ခြင်းမရှိပါဘူး ။ သို့သော်လည်း ဘာစီလိုနာ တိုက်စစ်ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခြင်းမရှိဘဲ နောက်ခံလူ လုရှော့ OG ဂိုးကြောင့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ၀-၂ ဖြင့်ရှုံးနိမ်းခဲ့သော်လည်း အဝေးကွင်းမှာ ၁-၃ ဖြင့်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် မန်ယူအသင်း က ဘာစီလိုနာကို အနိုင်ကစားပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မလား ဆိုတာ ဒု-ကျော့မှာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အဝေးကွင်းမှာ သွားရောက်ကစားတဲ့ ဂျူဗင်တပ်စ်အသင်းက အေဂျက်စ်အသင်းကို သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အေဂျက်စ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပြီး ဘောအသာစီး ၊ကန်သွင်းခွင့် အသားစီး ရခဲ့ပေမဲ့ သရေရလဒ်သာ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းက အေဂျက်စ်အသင်းကို ဂိုးပေါက်တည့်မှု တစ်ကြိမ်သာရှိခဲ့ပြီး သွင်းဂိုးကို ရော်နယ်ဒို ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းအတွက်ချေပဂိုးကို ဒေးဗစ် နီရက်စ် ကသွင်းယူပေးခဲ့ပါတယ်။ အေဂျက်စ်အသင်းလည်း ရီးရလ်ကို အနိုင်ရခဲ့လို အဝေးကွင်းမှာ အနိုင်ယူပြီးနောက်တစ်ဆင့်ကို တက်ရောက်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

 

သူတို့နှစ်သင်း (ဒု-ကျော့) ကို လာမယ့် April 17 ရက်နေ့မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။


11 Apr 2019     1,318 Views




RELATED

Most Popular of Football

Most Popular of Sport