BEC-TERO TV

မိန်းကလေးကို အရက်ထဲဆေးခတ်ပြီး မုဒိန်းကျင့်ခဲ့တဲ့ Choi Jong Hoon

11 Apr 2019     1,463 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး Band တစ်ခုဖြစ်တဲ့ FT Island အဖွဲ့မှ ဂစ်တာသမား Choi Jong Hoon ဟာ ၂၀၁၂ မတ်လ၊အမေရိကမှာ ဖျော်ဖြေပွဲအတွက် သွားရောက်ရင်း အမျိုးသမီး တစ်ယောက်ကို ဆေးခတ်ပြီး မုဒိန်းမှုကျူးလွန်ခဲ့ပါတယ်။ Tenasia သတင်းမီဒီယာရဲ့ ပြောပြချက်အရ A အမည်ရှိတဲ့ မိန်းကလေးဟာ Choi Jong hoon နဲ့အတူ အရက်သောက်ခဲ့ပါတယ်။

A ဟာ Jonghoon ပေးတဲ့ ကော့တေးတစ်ခွက်ကို သောက်ပြီးအသိစိတ်ပျောက်ကာ မူးဝေသွားကြောင်းထွက်ဆိုထားပါတယ်။ A သောက်လိုက်တဲ့ ကော့တေးထဲမှာ GHB ပါကြောင်း နောက်မှသိရှိလိုက်ရပြီး နောက်ပိုင်းကိစ္စတွေကိုတော့သူမ ဘာမှမမှတ်မိတော့ ဘူးလို့ ပြောကြားထားပါတယ်။ GHB ဆိုတာကတော့ အသိစိတ်ပျောက်စေတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး အနောက်နိုင်ငံတွေမှာတော့ဒီဆေးကို date-rape drug လို့ခေါ်ကြပါတယ်။

A ဟာ ထိုအဖြစ်အပျက်ကြောင့်အရှက်ရခဲ့ပြီး ဒီနှစ်ပိုင်းတွေမှာ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ sbs သတင်းဋ္ဌာနရဲ့ စုံစမ်းထုတ်ဖော်မှုကြောင့် Jung Joon Young, Roy Kim, Seungri, Choi jonghoon တို့ပါဝင်တဲ့ group chat အကြောင်းသိလိုက်ရတဲ့နောက်မှာ တရားစွဲဖို့စီစဉ်ခဲ့ပါတယ်။ အဆိုပါ group chat ထဲမှပါဝင်တဲ့ အဆိုတော်တချို့ဟာ မိန်းကလေးတွေကို ဆေးခတ်၊ အလိုမတူအဓမ္မပြုကျင့်ပြီး ဗွီဒီယို ရိုက်ထားကြပြီး group chat ထဲ ရှယ်ခဲ့ကြပါတယ်။ ဒီအကြောင်းအရာတွေကို A ကယခု သိသွားပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

တစ်ဖန် Jonghoon တစ်ယောက် A ကိုအမှုကျူးလွန်ခဲ့တဲ့ အချိန် ၂၀၁၂ မတ်လပိုင်း ၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မှာ Ft island နဲ့ Cnblue ဖျော်ဖြေပွဲကျင်းပနေတဲ့နေ့ပဲဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး Jonghoon ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment က “ဒီလိုကိစ္စမျိုး ဖြစ်ပွားခဲ့တယ်ဆိုတာ ကျွန်တော်တို့သတိမထားမိခဲ့ပါဘူး၊ ကျွန်တော်တို့လက်ရှိအခြေအနေက Choi Jonghoon နဲ့ စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားနေတဲ့ကာလပါ၊ ဒီလိုတရားစွဲခံထားရတယ်ဆိုတာကိုလဲ တရားရုံးကကျွန်တော်တို့ကိုကြိုတင်အသိပေးခြင်းမရှိခဲ့ပါဘူး” ဆိုပြီးထုတ်ပြန်ထားပါတယ်။

(ပိုပိုလေး) 


11 Apr 2019     1,463 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS