BEC-TERO TV

လက်ဝှေ့လောကထဲကို ခြေချလာတဲ့ “မန်နီပက်ကွီယို” ရဲ့ သား “ဂျီမြူရယ်လ်” (ရုပ်သံ)

11 Apr 2019     1,475 Views


အာရှလက်ဝှေ့လောက ကနေ ကမ္ဘာ့လက်ဝှေ့ထိ ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့တဲ့ ဖီလစ်ပိုင် လက်ဝှေ့ကျော် “မန်နီပက်ကွီယို” က သူ့ရဲ့ သားဖြစ်သူကို ကိုယ်တိုင်လက်ဝှေ့သင်ကြားလေ့ကျင့်ပေးရင် အနာဂါတ်အတွက် မျိုးဆက်သစ် လက်ဝှေ့ကျော် တစ်ဦးကို မွေးထုတ်ဖို့ ပြင်ဆင်နေပါတယ်။
 
 
သာဖြစ်တဲ့ “အီမန်နူရယ် ပက်ကွီယို ဂျူနီယာ” ကိုယ်တိုင်က ဖခင်ရဲ့ ခြေရာနင်းပြီး လက်ဝှေ့ကျော်ဖြစ်ချင်တာကြောင့် “ပက်ကွီယို” ကိုယ်တိုင်လေ့ကျင့်ပေးနေပါတယ်။ သူတို့သားအဖရဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ ရုပ်သံကို မိခင်ဖြစ်သူ “ပက်ကွီယို” ရဲ့ ဇနီး “ဂျင်ကီးပက်ကွီယို” က လူမှုကွန်ယက် အင်စတာဂရမ်ပေါ်မှာ ဧပြီလ ၉ ရက်နေ့က တင်ထားခဲ့ပါတယ်။
 
 
“ကျမ သူတို့သားအဖနှစ်ယောက်ကို ကြည့်ရင်း မျက်ရည်ကျလုမတတ်ဖြစ်ရပါတယ်။ သားလေးက တစ်ကယ့်ကို လက်ဝှေ့ထို့ဖို့ စိတ်အားထက်သန်နေတာပဲ။ သူ့အဖေက ပြောပါတယ် ‘မိန်းမရေ ငါတို့မိသားစုထဲမှာ လက်ဝှေ့သမားတော့ရှိနေပြီ ကလေးတွေကို မတားပါနဲ့’ “ ဟု စာရေးကာ တင်ထားခဲ့တာဖြစ်ပါတယ်။
 
ရုပ်သံမှာ သားဖြစ်သူက ဖခင်ရဲ့ သင်ကြားပြသမှုကို အလေးအနက်ထား လိုက်နာနေတာတွေ့ရပါတယ်။ ဝင်ရောက်ရေးသားသူတွေကတော့ ဖခင်လို ခေတ်တစ်ခေတ်ထူထောင်နိုင်တဲ့ လက်ဝှေ့ကျော်တစ်ယောက် ဖြစ်စေချင်တယ်လို့ အားပေးထားကြတာကို တွေ့ရပါတယ်။
 
 
အရင်တုန်းကတော့ ပက်ကွီယို ကိုယ်တိုင် သားဖြစ်သူကို လက်ဝှေ့သမားလုပ်ဖို့ အားမပေးခဲ့ပါဘူး။ လက်ဝှေ့သမားတွေရဲ့ ဘဝက ဆင်းရဲပင်ပန်းတာကြောင့် တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ တားမရတဲ့ဝါသနာကို လက်ခံသွားတာကြောင့် သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

 


11 Apr 2019     1,475 Views




RELATED

Most Popular of Boxing

Most Popular of NEWS