BEC-TERO TV

ဒု-ကျော့ မှာ မန်ယူအသင်းကို လျှော့မတွက်ဖို့ ပီကေး အသင်းဖော်တွေကို သတိပေး

11 Apr 2019     1,422 Views


ဘာစီလိုနာ နောက်ခံကစားသမား ပီကေးက အိုထရက်က်ဖိုဒ့်မှာ အနိုင်ရခဲ့ပေမယ် နူးကမ့် မှာက ကစားမယ်ပွဲကို အာရုံစိုက်ကစားသွားဖို့ ၊ မန်ယူအသင်းကို လျှော့မတွက်ဖို့ အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

မနေ့က ဘာစီလိုနာအသင်းက မန်ယူအသင်းကို အဝေးကွင်းမှာ ၀-၁ ဖြင့်အနိုင်ရခဲ့ပါတယ်။သို့သော် မန်ယူအသင်းက အဝေးကွင်းမှာ ပီအက်စ်ဂျီကို  အနိုင်ယူပြီးနောက်တစ်ဆင့်ကို တက်ရောက်လာတာကြောင့် မန်ယူကို လျှော့မတွက်ဖို့သတိပေးခဲ့တာဖြစ်ပါတယ်။ မနှစ်ကလည်း ဘာစီလိုနာအသင်းဟာ ရိုးမားအသင်းကို အိမ်ကွင်းမှာ ၄-၁ ဖြင့်အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာ ၃-၀ဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် စိုးရိမ်နေတာပဲဖြစ်ပါတယ်။

ပီကေးက "ပီအက်စ်ဂျီနဲ့ပွဲမှာ သူတို့လုပ်ပြသွားနိုင်တာက အားလုံးမြင်ခဲ့ရပါတယ်၊ အားလုံးက ပီအက်စ်ဂျီနောက်တစ်ဆင့် တက်မယ်လို့ပဲထင်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ မထင်မှတ်တာ ဖြစ်ခဲ့တယ်မလား ၊ ဒါကြောင့် လျှော့မတွက်သင့်ဘူး " လို့ ပွဲအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

”မနေ့က ပွဲကတစ်ကယ်ကောင်းတဲ့ ပွဲတစ်ပွဲပါ၊ ကျွန်တော်ရဲ့ လူငယ်ကစားသမား ဘဝဟာ မန်ယူအသင်းမှာ အများဆုံးကုန်ဆုံးခဲ့တာပါ ၊ ဒီအသင်းမှာ အများကြီး သင်ယူခဲ့ရပါတယ်။ ၊ မန်ယူအသင်းက အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်နေဆဲ ပါပဲ” လို့ပြောကြာခဲ့ပါတယ်။

ဂျာရက် ပီကေးဟာ မန်ယူအသင်းမှာ ၂၀၁၄ ခုနှစ် အသက် ၁၇ မှာ စတင်ကစားခဲ့ပြီး ၂၀၀၈ ခုနှစ် မှာ ဘာစီလိုနာအသင်းကို ပြောင်းရွေ့ ခဲ့တာဖြစ်ပါတယ်။ မနေ့ကပွဲမှာ မန်ယူကစားသမားဟောင်း ပီကေးဟာ မန်ယူကစားသမားတွေရဲ့ တိုက်စစ်ကို အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

 


11 Apr 2019     1,422 Views




RELATED

Most Popular of Football

Most Popular of Sport