BEC-TERO TV

စိတ်ပျို ကိုယ်နု ဖြစ်စေဖို့ ခရီးထွက်ခြင်း အကျိုးကျေးဇူးများ

11 Apr 2019     1,682 Views


လူအတော်များများက ခရီးသွားရတာ နှစ်သက်ကြမှာပါ၊ ကိုယ်မသွားဖူးတဲ့နေရာ ကိုယ်မရောက်ဖူးတဲ့ နေရာကို ခရီးထွက်ခြင်းက အတွေ ့အကြုံသစ်တွေ ရနိုင်သလို့ ပျော်ရွင်စရာ ကောင်းပါတယ်။ ခရီးထွက်ခြင်းက သင့်ကို Relex ဖြစ်စေသလို ကျန်းမာခြင်း နဲ့ ဖန်တီးနိုင်စွမ်း တိုးတ်စေနိုင်တယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။
 
ကျွန်တော်တို့ဟာ တစ်နှစ်တာလုံး အလုပ်တွေ ၊တာဝန်ယူမှုတွေ ဖိအားတွေနဲ့ အလုပ်လုပ်တာကြောင့် တစ်နှစ်မှာ ၁ ကြိမ်၂ ကြိမ်လောက် ခရီးထွက်သင့်ပါတယ်။ခရီးကို အဖွဲ ့လိုက်  သူငယ်ချင်တွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ ဖြစ်စေ အုပ်စုလိုက် ခရီးသွားခြင်းက ပိုပျော်စရာကောင်းပါတယ်။ခရီးထွက်ခြင်းက သင့်ကို ဘာလိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ဝေမျှပေးပါ့မယ်။

၁။ မိမိကိုယ်မိမိ ယုံကြည်မှုပိုရှိလာတယ်
 
ကိုယ်သွားမဲ့ခရီးမှာ လေ့လာစရာရှိတာတွေကို လေ့လာနိုင်မယ် ၊ ကိုယ့်မသိတဲ့အကြောင်းအရာတွေကို မှတ်သားမယ် ၊ နောက်  နေရာအသစ်အဆန်းတွေ မှာ လေ့လာလည်ပတ်ရတာ ဖြစ်နေတာကြောင့် ဗဟုသုတနိုင်ပါတယ်။ ဂရစ်ဖစ်တီ အပြင်ဘက်ရောက်သလို့ စိတ်ကိုပေါ့ပါးစေတာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိစေမှာအမှန်ပါပဲ
 
၂။ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှု တိုးတက်လာစေတယ်
 
ကျွန်တော်တို့ရဲ့ ဒေသသုံးဘာသာစကားဟာ ကျယ်ပြန့်စွာအသုံးပြုလို့မရတာကြောင့် အခြားအရပ်ဒေသကလူတွေနဲ့ ဆက်ဆံပြောဆိုနိုင်ဖို့အတွက် လေ့လာရပါတယ်။ ဒီလိုလေ့လာရခြင်းကြောင့် လူမှုပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာပါတယ်။
 
၃ ။အစီအစဉ်ဆွဲတတ်လာမယ်
 
ခရီတစ်ခု သွားဖိုပြင်ဆင်ပြီဆိုရင် အရင်ဆုံး ဘာတွေလုပ်ရမယ် ၊ ဘာတွေယူရမလဲ ဆိုတာ အစီအစဉ်တွေ အရင်ချရပါ့မယ်။ လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်လိုယူမယ် ၊ ဟိုရောက်ရင် ဘာတွေစီစဉ်ရမယ် ၊ အဲ့ဒီလို့ ပလန်တွေ ချမှတ်နိုင်တဲ့ ကျွမ််းကျင်မှုတွေလည်း ပိုတိုးစေလာနိုင်မှာဖြစ်ပါတယ်။

၄ ။ စိတ်ကို ပေ့ါပါးစေတယ်
 
ခရီတစ်ခုထွက်ပြီဆိုကတည်းက စိတ်ကို ပေ့ါပါးနေအောင်ထားရမယ် ။ ပျော်စရာရှိတာ ပျော်မယ် ၊ လေ့လာစရာရှိတာကို လေ့လာမယ်ဆိုရင် ခရီးကပြန်လာပြီးအခါမှာတောင်  ကိုယ်ရဲ ့ ဆန်သစ်တဲ့ အတွေး အမြင် တွေနဲ့ လုပ်ခန်းခွင်မှာ ပိုတိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် တချို့ ကုမ္ပဏီတွေက မိမိတို့ရဲ့ ဝန်ထမ်းတွေကို တစ်နှစ်ကို တစ်ကြိမ်လောက် ကမ်းခြေ ၊ ဘုရား အစရှိတဲ့ နေရာတွေကို လိုက်ပို့ပေးတတ်ကြပါတယ်။ဒါက ဝန်ထမ်းတွေရဲ ့လုပ်ကိုင်နိုင်စွမ်းတွေလည်း တိုးတက်လာနိုင်တာကြောင့်ပါ။
 
၅ ။ ကျန်းမာရေးကောင်းစေပါတယ်
 
ခရီးထွက်ခြင်းကြောင့် စိတ်ပျို ကို်ယ်နု ဖြစ်စေပါတယ်။ လှုပ်လှုပ်ရှားရှား ရှိနေတာကြောင့် ကျန်းမာရေးအတွက် ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

 

 


11 Apr 2019     1,682 Views




RELATED

Most Popular of Special or Others

Most Popular of Life Style