BEC-TERO TV

ခွေးသားစားသူတွေရန်က ခွေးလေးတွေကိုကာကွယ်ပေးလိုက်တဲ့ ရက်ပ်အဆိုတော် Dok2

11 Apr 2019     1,332 Views


ဒီနှစ်ပိုင်းတွေမှာ တောင်ကိုးရီးယားနိုင်ငံ၊ ကိုးရီးယားလူမျိုးတွေကြားမှာ ခွေးသားစားခြင်းဟာခေတ်စားလာပြီး စားသောက်ဆိုင်တချို့မှာခွေးသားစတူးအမည်ရ ဟင်းလျာတစ်မျိုးကို ရောင်းချလာကြပါတယ်။ အဖြူရောင်နဲ့ အညိုရောင် Jindo ခွေးအမျိုးအစားနဲ့ သွေးနှောခွေးများကို ဟင်းလျာအဖြစ် ချက်စားဖို့မွေးလာကြပါတယ်။ ခွေးသားအစားကြူးခြင်းစတင်လာရတဲ့ အရင်းအမြစ်ကတော့ ကိုးရီးယားအများစုဟာ Jindo ခွေးတွေနဲ့ သွေးနှောခွေးအမျိုးအစားတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖို့ မဝယ်ကြရာက စတင်ခဲ့တာဖြစ်ပြီး အရောင်းမထွက်တဲ့ခွေးလေးတွေကို ချက်စားဖို့ ခြံသပ်သပ်ခွဲပြီးမွေးထားတာမျိုးတွေဖြစ်လာပါတယ်။

ကိုးရီးယား ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Dok2 ဟာအမေရိကကို အလည်အပတ်သွားရင်း Ria အမည်ရှိတဲ့ ခွေးမလေးကို ဂွမ်ဂျူမှာရှိတဲ့ မွေးမြူရေးခြံကနေကယ်ထုတ်ခဲ့ပြီး အမေရိကကို ခေါ်သွားနိုင်ဖို့ကူညီခဲ့ပါတယ်။ ကိုးရီးယားလူမျိုးတွေ ကြားမှာ ခွေးသားစားခြင်း ဟာပိုမိုခေတ်စားလာပြီး သာမန် လူချစ်လူခင်မများတဲ့ ခွေးအမျိုးအစားတွေကို ကိုးရီးယားမှာဆက်ထားဖို့ အန္တရာယ်များလှတယ်လို့ NGO မှအသိပေးလာခဲ့ပါတယ်။ ဒါကြောင့်တတ်နိုင်သလောက် ခွေးလေးတွေကိုနိုင်ငံခြားကို ခေါ်ထုတ်နိုင်ရန် ကူညီပေးဖို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Dok2 ဟာ NGO အဖွဲ့နဲ့ဆက်သွယ်ပြီး အမေရိကန်ကို အလုပ်ကိစ္စနဲ့ သွားရောက်ရင်း ခွေးမလေး Ria ကို အတူခေါ်ဆောင်သွားပေးဖို့သဘောတူခဲ့ပါတယ်။ Riaကို အမေရိကရောက်ရင် မွေးစားမယ့်မိသားစုကလဲ အဆင်သင့်ရှိနေပြီဖြစ်လို့ ဟိုရောက်တာနဲ့ သူမရဲ့ လုံခြုံရေးကိုလဲ စိတ်ပူစရာမလိုတော့ပါဘူး။

ခွေးမလေး Ria ကို လေယာဉ်နဲ့ခေါ်ဆောင်သွားတဲ့ အချိန်မှာပဲ Dok2 အင်စတာဂရမ်မှာ “အိမ်မွေးတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းက အကူအညီလိုနေတာရယ် အမေရိကသွားဖို့ရှိတာရယ်နဲ့အတော်ပဲဖြစ်သွားတယ်၊ သူမကို အမေရိကပို့ဆောင်ဖို့ ကူညီနိုင်ခဲ့တယ်” ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။

ရက်ပ်ပါ Dok2 ရဲ့ အင်စတာဂရမ်ပို့စ်ကိုမြင်ပြီး လက်ရှိအသားစားခွေးမွေးမြူရေးခြံမှာ ခွေးလေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူဖို့ လာရောက်မွေးစားခွင့်တောင်းသူတွေ များပြားလာတယ်လို့ NGO မှဆိုလာပါတယ်။ မော်ဒယ်၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Honey Lee ၊ Lee Hyori ၊ Kim So Hye ၊ Yoseob နဲ့ အမျိုးသမီးအိုက်ဒေါအဆိုတော်အဖွဲ့ lovelyz တို့မှလဲ ခွေးလေးတွေကို နိုင်ငံခြားကိုပို့ဆောင်နိုင်ဖို့ ကူညီခဲ့ကြပြီး တချို့ကလဲ အိမ်မွေးခွေးအဖြစ်မွေးမြူဖို့ခေါ်ဆောင်သွားကြပါတယ်။

(ပိုပိုလေး)


11 Apr 2019     1,332 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS