BEC-TERO TV

စမောလင်းရဲ့  ထိန်းချုပ်ပုံဗျူဟာအသစ်ကြောင့် ဆေးကုသမှုခံယူရတော့မယ့် မက်စီ

11 Apr 2019     1,508 Views


မနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်  မန်ယူအသင်းက ဘာစီလိုနာအသင်း ၀-၁ ဖြင့်ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်စီဟာ မန်ယူနောက်ခံလူ စမောလင်းနဲ့ ဘောလုံးယှဉ်အလုမှာ နှာခေါင်းကို ထိခိုက်မိခဲ့ပါတယ်။ ဒဏ်ရာဟာ မကြီးမားခဲ့ပေမယ့်  သွေးထွက်တဲ့အထိဖြစ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူခဲ့ရပါတယ်။.

ပွဲအပြီး နည်းပြ ဗာဒီကို မက်ဆီရဲ့ ဒဏ်ရာအခြအနေကို မေးမြန်ရာ "အခုလောလာဆယ်တော့ ဘာမှမသိသေးပါဘူး ၊ ဆေးကုသမှု ခံယူနေပါတယ် ။ ဒဏ်ရာကတော့ ဖုရောင်နေတယ်၊ ဒါပေမယ့် သူက သန်မာတဲ့ ကစားသမား တစ်ယောက်ပါ၊ “ လို့ ပြောပါတယ်။

ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလို မန်ယူနောက်ခံလူစမောလင်းက မက်စီကို အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပြိး ဂိုးမြူးနေတဲ့ မက်စီကို ရဲ့ သွင်းဂိုးခွင့် ပြုပေးခဲ့ရခြင်းမရှိပါဘူး ။ဒါပေမဲ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေတော့ ပြုလုပ်ခဲ့ရပါတယ်။

မန်ယူနဲ့ ဘာစီလိုနာအသင်းတို့ (ဒု-ကျော့) ကို လာမယ့် April `၁၇ ရက်နေ့မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

 


11 Apr 2019     1,508 Views




RELATED

Most Popular of Football

Most Popular of Sport