BEC-TERO TV

အိမ်မီးလောင်တဲ့အချိန်လသားအရွယ်ကလေးကို အသက်နဲ့လဲပြီးကယ်ထုတ်ပေးခဲ့တဲ့ ခွေးမလေး Sasha

12 Apr 2019     1,347 Views


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ်တစ်အိမ်ဟာ လျှပ်စစ်မီးချို့ယွင်းမှုကြောင့် မီးလောင်ကျွမ်းခဲ့ပါတယ်။ ထိုအိမ်မှာ Latana Chai အမည်ရှိ အမျိုးသမီး နဲ့ ၄ နှစ်အရွယ်သမီး Masailah ၊ (၈) လသားအရွယ်သမီး နဲ့ Sasha အမည်ရှိတဲ့ ခွေးမလေးတို့ အတူနေထိုင်ကြပါတယ်။ မီးလောင်တဲ့အချိန်မှာ Latana ဟာ သမီးအကြီးနဲ့အတူ အိပ်ခန်းထဲမှာ အိပ်ပျော်နေခဲ့ပြီး မီလောင်နေမှန်းသိတဲ့အခါမှာတော့ ချက်ချင်းအိမ်ထဲမှ လွတ်မြောက်ရာထပြေးခဲ့ပါတယ်။

အမေဖြစ်သူ Latana ဟာကြောက်လန့်တကြား အိမ်ပြင်ကိုပြေးထွက်လာကာ (၈) လသားအရွယ်သမီးငယ်လေးကို အိမ်ထဲမှာ မေ့ကျန်နေခဲ့ပါတယ်။ ဒါကိုသတိထားမိတဲ့ ခွေးမလေး Sasha ဟာ ပျာယာခတ်နေပြီး သခင်ကို အိမ်ဘက်ကိုဆွဲခေါ်ပြီးသတိပေးနေပေမယ့် အလောကြီးပြီး ပစ္စည်းတွေသိမ်းဆည်းကာ Lathana က (၈) လသားအရွယ်သမီးငယ်ကို လုံးဝမေ့နေခဲ့ပါတယ်။

Lathana ဟာအစက သူမကို ခွေးကဘာလို့ဆွဲခေါ်နေတာလဲဆိုတာ သတိမပြုမိခဲ့ပေမယ့် ပြီးမှ ကလေးအထဲမှာကျန်ခဲ့တာကို သတိရလိုက်ပါတယ်။ ကလေးလေးကို သိပ်ထားတဲ့ အခန်းဘက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ အခန်းရဲ့ တစ်ဝက်ကျော်နီးပါး လောင်ကျွမ်းနေတာကိုတွေ့လိုက်ရတဲ့အခါမှာ သူမရဲ့ သမီးကို ဆုံးရှုံးလိုက်ရပြီလို့ တွေးနေချိန်မှာပဲ Sasha က ကလေးဝတ် Diaper နဲ့ပတ်ပြီး ကလေးကို ပါးစပ်နဲ့ ကိုက်ချီကာ မီးတွင်းထဲကနေ ပြေးထွက်လာတာတွေ့လိုက်ရတယ်လို့ ပြောကြားထားပါတယ်။

ထိုအခါမှ Lathana ဟာသတိဝင်လာပြီး ကလေးကို ပွေ့ချီလိုက်ကာငိုချင်းချမိလိုက်တယ်လို့ ပြောကြားလာပါတယ်။ သူမရဲ့ ခွေးမလေး Sasha ကိုလဲ “သူမက သာမန်ခွေးမဟုတ်တော့ပါဘူး၊ ကျွန်မတို့ရဲ့မိသားစုဝင်ပါ” လို့ပြောခဲ့ပါတယ်။

အခုတော့ Lathana ရဲ့ (၈) လသားအရွယ်သမီးလေးနဲ့ ခွေးမလေး Sasha တို့ဟာ best friend တွေတောင်ဖြစ်နေကြပါပြီ။ ကလေးငယ်ဟာ Sasha ပေးတဲ့အသက်ပဲ ရှိပါတော့တယ် Sasha ဟာ ကလေးရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲလို့ မိခင်ဖြစ်သူ က ထပ်တလဲလဲပြောနေခဲ့ပါတယ်။

(ပိုပိုေလး)

 


12 Apr 2019     1,347 Views




RELATED

Most Popular of Special or Others

Most Popular of NEWS