BEC-TERO TV

အင်္ဂလန်နှစ်သင်းစလုံး ရလဒ်ကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ( ပ-ကျော့)

12 Apr 2019     1,290 Views


ဒီနေ့မနက်က ယူရိုပါလိဂ်ကွာတား ( ပ-ကျော့ ) အဆင့်မှာ ပရီးမီးယားလိဂ်ထိပ်သီး ကလပ်နှစ်သင်းစလုံး အနိုင်ရရှိခဲ့ကြပါတယ်။ အာဆင်နယ်အသင်းက နာပိုလီကို ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ချလ်ဆီးအသင်းက အဝေးကွင်းမှာ စလားဗီးယား ပါ့ဂ် အသင်းကို ၀-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ရမ်းဆေးက  ၁၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်မှာ နာပိုလီနောက်ခံလူ ကူလူဘာလီက OG  သွင်းယူခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် အာဆင်နယ်အသင်းဟာ ကွာတာဖိုင်နယ် အဆင့်ကို ကျော်ဖြတ်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ချလ်ဆီးအသင်းဟာ အဝေးကွင်းမှာ သွားရောက်ကစားခဲ့တာဖြစ်တာကြောင့် အနိုင်ရရှိဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ စလားဗီးယား ပါ့ဂ် ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ် ချလ်ဆီး ဂိုးသမား ကီပါ လက်စွမ်းပြနေလို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ချလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကို မိနစ် ၈၆ မိနစ်မှာ ဝီလျံရဲ့ ဖြတ်တင်ပေးပို့မှုမှ တဆင့် အလွန်ဆိုက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ကွာတာဖိုင်နယ် (ဒု-ကျော့ ) ပွဲစဉ်တွေကို လာမည့် April လ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

 


12 Apr 2019     1,290 Views




RELATED

Most Popular of Football

Most Popular of Sport