BEC-TERO TV

အပျိုစင်ဘဝကို ရည်းစားအား အလကားကျွေးမည့်အစား သိန်း ၈၀ နဲ့ရောင်းမည်

12 Apr 2019     1,476 Views


ကာဇစ်စတန်နိုင်ငံမှ အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေးက သူမရဲ့ ပညာသင်စရိတ်နဲ့ ဆင်းရဲနွမ်းပါးတဲ့ မိခင်ကို ထောက်ပံ့ပေးချင်တာကြောင့် သူမရဲ့ အပျိုစင်စစ်စစ်ဘဝကို ကာဇစ်စတ်ငွေကြေး ၂,၀၀၀,၀၀၀ (ကျပ်သိန်း ၈၀ ခန့်) နဲ့ ရောင်းချမည်ဟု ရုပ်သံအစီစဉ်တစ်ခုကနေ ကြေညာပြောဆိုခဲ့သည်။
 
အသက် ၁၉ နှစ်အရွယ် “Aynur Zhanibekova” က ကာဇစ်စတန် ရုပ်သံအစီစဉ်တစ်ခုဖြစ်သည့် “Oz oyym” အစီစဉ်တွင် ယခုလို ပြောဆိုခဲ့ပြီးနောက် စိတ်ဝင်စားပြီး ဆက်သွယ်လာသည့် အမျိုးသား ၆၀ ဦးခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
 
 
သူမက အခုလပိုင်းအတွင်း ခေါင်းထဲမှာ အတွေးတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့သည်ဟု ဆိုသည်။ သူမရဲ့ ပညာရေးအတွက် မိခင်ဖြစ်သူမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာကိုလည်း မကြည့်ရက်တော့ပါ။ သူမရဲ့ ပညာရေးအတွက်လည်း ငွေကြေးလိုအပ်နေပါတယ်။ 
 
နောက်ဆုံးမှာတော့ ရည်းစားထားပြီး အပျိုစင်ဘဝကို အလကားပေးလိုက်ရမည့် အစား ပိုက်ဆံဖြစ်အောင် လုပ်မည်ဟု စိတ်ကူးရပြီး အခုလို ဆုံးဖြတ်လိုက်ကြောင်း ရုပ်သံအစီစဉ်တွင် ပြောကြားခဲ့ပါတယ်။
 
“ကျမ ပညာသင်ဖို့ ပိုက်ဆံလိုတယ်၊ မိန်းကလေးအတော်များများက သူတို့ရဲ့ ရည်းစားတွေနဲ့ အတူနေပြီး အပျိုစင်ဘဝကို အလကားပေးလိုက်ကြရတယ်။ ကျမကတော့ အဲဒီကနေ ပိုက်ဆံရအောင် လုပ်မယ်” “ရတဲ့ပိုက်ဆံကို ပညာရေးအတွက်သုံးမယ် ပြီးရင် အလှပြင်ဆိုင်ဖွင့်မယ်၊ ဒါကြောင့်မို့ အပျိုစင်ဘဝကို ရောင်းတာပါ” လို့ ပြောခဲ့ပါတယ်။
 
ကာဇစ်စတန်နိုင်ငံဟာ ဘာသာရေးပြင်းထန်ပြီး ရှေးရိုးစွဲအယူအဆကြီးတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ ၇၀% ဖြစ်တဲ့ ၁၈ သန်းသော လူဦးရေဟာ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ကြပါတယ်။
 
 
လူမှုကွန်ယက်ပေါ်မှာတော့ “Aynur” ရဲ့ လုပ်ရပ်ကို ရှက်စရာကောင်းတဲ့ လုပ်ရပ်အဖြစ် ဝိုင်းဝန်းဝေဖန် ပြစ်တင်နေကြသလို။ သူမပိုင်တဲ့ ခန္ဓာကိုယ်ဖြစ်လို့ သူကြိုက်တာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ပြန်လည်ချေပ ပြောဆိုသူတွေလည်း ရှိပါတယ်။
 
လတ်တလောမှာတော့ အမျိုးသား ၆၀ လောက်က သူမကို ဆက်သွယ်ထားကြပြီး အပြိုင်အဆိုင်များရင် များလာသလို စျေးနှုန်းမြှင့်သွားဖို့လည်း ရှိတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။
 

 


12 Apr 2019     1,476 Views




RELATED

Most Popular of Special or Others

Most Popular of NEWS