BEC-TERO TV

နို့ဗူးတစ်ချိန်လုံး စို့တဲ့အကျင့်ကြောင့် သွား ၁၈ ချောင်းနှုတ်ပစ်ခဲ့ရတဲ့ ၄ နှစ်သားကလေး

12 Apr 2019     1,401 Views


အရွယ်မရောက်သေးတဲ့ ကလေးတွေရှိတဲ့ မိဘတွေ အထူးသတိပြုကြဖို့ ဧပြီလ ၉ ရက်နေ့က သွားဆရာဝန်ကြီးကိုယ်တိုင် လူမှုကွန်ယက်မှာ ဖော်ပြပေးခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
 
နို့ဗူးကို တစ်ချိန်လုံး ပါးစပ်ကမချ စို့နေတဲ့အကျေင့်ကြောင့် ကလေးရဲသွားတွေဟာ ပိုးစားဆွေးမြေ့ပြီး ၁၈ ချောင်းတိတိ တစ်ချိန်ထဲမှာ နှုတ်ခဲ့ရတာဟာ သူ့ရဲ့လုပ်သက်တစ်လျှောက် ဒါပထမဦးဆုံးအကြိမ် ကြုံဖူးတာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖူခက်အခြေစိုက် သွားဆေးခန်း ဆရာဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
 
 
မိခင်ဖြစ်သူက ကလေးသွားပိုးစားလို့ ဆေးရုံကို လာပြတဲ့အချိန်မှာ သူနာပြုတွေက စစ်ဆေးပြီးခဲ့ရာမှာ သွားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေကြောင့် ထိတ်လန့်ပြီး ချက်ခြင်းအရေးပေါ် ကုသမှု လုပ်ပေးခဲ့ရပါတယ်။ တစ်နာရီကျော်ကြာ လုပ်ကိုင်ခဲ့ရပြီး ထုံဆေး ၁၄ ကြိမ် ထိုးပေးခဲ့ရကာ သွား ၁၈ ချောင်းတိတိ နှုတ်ခဲ့ရပါတယ်။
 
 
ဖြစ်စဉ်ကို မေးကြည့်တဲ့အခါမှာတော့ ကလေးဟာ ၁ နှစ်သားလောက်မှာ အစာအိမ်တုပ်ကွေး ဖြစ်တာကြောင့် ဆရာဝန်တစ်ဦးက နို့အစား ပဲနို့ရည်တိုက်လို့ ညွှန်ကြားတဲ့အတွက် ပဲနို့ရည်ကို နို့ဗူးထဲထည့်ပြီး တောက်လျှောက် တိုက်ခဲ့ပါတယ်။
 
ပဲနို့ရည်တိုက်ပြီး သိပ်မကြာခင်မှာ ကလေးရဲ့သွားတွေ ဝါလာပါတယ်။ မိခင်က သွားတိုက်ပေးဖို့ လုပ်ပေမယ့် ကလေးရဲ့ သွားတွေက သွေးယိုပြီး နာကျင်တာကြောင့် နောက်ဆုံးမှာ မိခင်က လက်လျှော့ခဲ့ပါတယ်။ ဒါ့အပြင် ငယ်သွားလဲမှာမို့ ဖြစ်တယ်ထင်ပြီး စောင့်ကြည့်နေခဲ့ရာကနေ အခြေအနေပိုဆိုးလာတာဖြစ်ပါတယ်။
 
 
သွားဆရာဝန် Sathian Suravisankul က မိဘတွေအနေနဲ့ ကလေးတွေ သွားပိုးစားတာကို သတိထားသင့်ကြောင့် သွားပိုးကတစ်ဆင့် ရောဂါပိုးတွေ ပေါက်ပွားလာပြီး တစ်သက်တာ သွားပြန်မပေါက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ကြောင်း နှိုးဆော်ထားပါတယ်။
 
“ကလေးရဲ့ သွား ၁၈ ချောင်းနှုတ်လိုက်ရတာကတော့ သူ့ခံတွင်းတစ်ခုလုံးက သွားတွေ ကိုက်ခဲနေပြီး အခြားရွေးစရာလမ်းမရှိတော့လို့ပါ” လို့ ရှင်းပြထားပါတယ်။
 
 

12 Apr 2019     1,401 Views




RELATED

Most Popular of Special or Others

Most Popular of NEWS