BEC-TERO TV

ဖန်ဂရန်ရာဇီတောင်ထိပ်မှ အပြန်မှာ ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်နဲ့ ကြုံတွေ ့ခဲ့တဲ့ ညီမငယ်

18 Apr 2019     1,305 Views


ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ပူတာအိုကစထွက်ခဲ့တဲ့ ဖန်ဂရန်ရာဇီရေခဲတောင်ခရီးစဉ်မှာ  မ Saint Htet တစ်ယောက် မတော်တဆခြေချော်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါခရီးစဉ်ကို သူမဟာ The Summiter အဖွဲ့ဝင်တွေနဲ့ ဧပြီလ ၆ ရက်နေ့ကစထွက်ခဲ့တာဖြစ်ပြီး ၁၂ ရက်နေ့မှာ ဖန်ဂရန်ရာဇီတောင်ထိပ်မှာ အဖွဲ ့ဝင်အယောက် ၂၀ စလုံး တောင်ထိပ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ The Summiter အဖွဲ ့ဟာ ဖန်ဂရန်ရာဇီ တောင်ထိပ်မှာ အတိုင်းအဆမဲ့ပျော်ရွှင်မှု့တွေနဲ့ အတူအမိမြေအတွက်နိုင်ငံတော်အလံလွှင့်ထူရင်းနိုင်ငံတော်သီချင်းကိုသံပြိုင်သီဆိုဟစ်ကြွေးခဲ့ကြတယ်။ ထို့နောက် တောင်ထိပ်ကအဆင်းအပြန်မှာ မ Saint Htet ဟာ မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ခရီးစဉ်မှာ The Summiter အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်၊ဇွဲ၊လုံ့လ၊ဝီရိယ မာကျောမှုကို အသိအမှတ်ပြုခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မ Saint Htet မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းခဲ့ရပါတယ်။

တောင်ထိပ်ထိ ရောက်ရှိအောင် အောင်ပွဲခံနိုင်ခဲ့တဲ့ အတွက် မိသားစုဝင်တွေက သူမအတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

 


18 Apr 2019     1,305 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS