BEC-TERO TV

ဆိုက်ကားသမားတွေ နေပူဒဏ်ခံနိုင်ဖို့ ထီးအချောင်း(၃၀) လှူဒါန်းခဲ့တဲ့ မခိုင်နှင်းဝေ

18 Apr 2019     1,409 Views


မြန်မာနိုင်ငံရှိ သရုပ်ဆောင်တွေထဲက နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးခိုင်နှင်းဝေဟာ သဒ္ဓါတရားထက်သန်သူတစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်ခိုင်နှင်းဝေဟာ “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” ကို တည်ထောင်ထားကာ လက်လှမ်းမှီသလောက် အလှူဒါနတွေပြုလုပ်လျက်ရှိပါတယ်။ အခွင့်အရေးရရင်ရသလိုမရှိဆင်းရဲသား ဒုက္ခသည်တွေကို အလှူဒါနပြုလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ခိုင်နှင်းဝေပရဟိတ လူငယ်များအသင်းမှာဆိုရင် ခိုင်နှင်းဝေကိုချစ်တဲ့ We love အဖွဲ့တွေကလဲ ပရဟိလုပ်ငန်းဆောင်တာတွေကို ကူညီဆောင်ရွက်ပေးကြတာတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးစံအရ နှစ်ဆန်းတစ်ရက်နေ့၊ နှစ်ဦးအလှူဆိုပြီး အိမ်တိုင်းလိုလို အလှူဒါန နည်းများမဆိုပြုလုပ်လေ့ရှိကြပါတယ်။ လက်တလော ပူပြင်းလှတဲ့ရာသီဥတုကြောင့် နေပူထဲသွားလာလှုပ်ရှားသူတွေအတွက် သတိထားသင့်တဲ့ အချိန်အခါလို့ပြောရမှာပါပဲ။ သရုပ်ဆောင်ခိုင်နှင်းဝေဟာ နေပူထဲအလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ အပူဒဏ်ကို အံတုနိုင်ဖို့ ထီး အချောင်း(၃၀) တိတိကို လှူဒါန်းခဲ့ပါတယ်။

“မွေးနေ့ကတည်းက လှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့လို့ ဒီနေ့နှစ်ဆန်းတစ်ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်ရှင်၊ ကျွန်မတို့ အဲကွန်းကားစီးပြီး လှုပ်ရှားသွားလာနေရတဲ့သူတွေတောင် နွေရာသီရဲ့ အပူဒဏ်ကို ပြင်းထန်စွာခံစားနေရတာ တစ်နေကုန်နေပူထဲ ဆိုက်ကားနင်းနေရတဲ့ ကာယလုပ်သားတွေ ဘယ်လောက်တောင်ပူလိမ့်မလဲဆိုတဲ့စိတ်ကူးနဲ့ ဆိုက်ကားအစီးရေ (၃၀) အတွက် ဆိုက်ကားထီးအချောင်း (၃၀) တပ်ဆင်လှူဒါန်းခဲ့ပါတယ် ဆိုက်ကားနင်းပြီးအသက်မွေးဝမ်းကြောင်းရသူများနှင့် (၇) ရက်သားသမီး အပေါင်းအေးချမ်းကြပါစေရှင်” ဟု နှစ်ဦးအလှူနှင့်တကွ ဆုတောင်းစာကို ရေးသားခဲ့ပါတယ်။

တစ်ဖန်သရုပ်ဆောင်ခိုင်နှင်းဝေနဲ့ အဖွဲ့သားတွေဟာ အခြေခံလုပ်သားတွေအတွက် ရပ်ကွက်အတွင်းသို့ ကိုယ်တိုင်သွားရောက်ပြီး ဆပ်ပြာမှုန့်၊ နွေရာသီအတွက်လိုအပ်တဲ့ ဓာတ်ဆားဖျော်ရည်တို့ကို လှူဒါန်းခဲ့ပါတယ်။

နိုင်ငံကျော်သရုပ်ဆောင်မခိုင်နှင်းဝေရဲ့ နှစ်ဦးအလှူလေးဟာ လက်ခံသူအတွက်လဲအကျိုးရှိသွားပြီး အလှူဒါနပြုသူအတွက်လဲ ပီတိကို ခံစားရစေတဲ့ အလှူလေးပါ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒီလိုအကျိုးရှိတဲ့ အလှူဒါနမျိုးတွေအများကြီး ပြုလုပ်နိုင်ပါစေလို့ ပိုပိုလေးမှဆုတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


18 Apr 2019     1,409 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS