BEC-TERO TV

ဈေးဝယ်စင်တာထဲ ကားပတ်မောင်းပြီး ရှော့ပင်းထွက် (ရုပ်သံ)

18 Apr 2019     11,574 Views


ဆော်ဒီနိုင်ငံက ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Riyadh's Al Qasr Mall ကုန်တိုက်ထဲမှာ စပို့ကားအမျိုးအစားကို လျှောက်ပတ်မောင်းရင်း ဈေးဝယ်ထွက်နေတဲ့ အမျိုးသားရဲ့ ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။
 
 
လုံခြုံရေးက တားမြစ်စဉ် ထိုအမျိုးသားက ကုန်တိုက်ထဲမှာ ကားနဲ့လျှောက်ပတ်ပြီး ဈေးဝယ်ဖို့ ကုန်တိုက်တစ်ခုလုံးကို ငှားရမ်းထားကြောင်း ရုပ်သံပါ စကားအသံမှတစ်ဆင့် သိခဲ့ရပါတယ်။ ရုပ်သံမှာတော့ ကုန်တိုက်ရဲ့ အထပ်တစ်ထပ်မှာ ကားမောင်းသွားရင်း ဆိုင်ရှေ့တစ်ခုမှာ ကားရပ်ပြီး ဆိုင်ထဲဝင် ဈေးဝယ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

18 Apr 2019     11,574 Views




RELATED

Most Popular of Special or Others

Most Popular of NEWS