BEC-TERO TV

ဖိလစ်ပိုင်နိုင်ငံ၊ ကျွန်းဆွယ်ဒေသမှာ မြန်မာနှစ်သစ်ကူးကို ကုန်ဆုံးခဲ့တဲ့ အောန်ဆိုင်းရဲ့ပုံရိပ်များ

18 Apr 2019     1,417 Views


ခပ်မိုက်မိုက်ဘော်ဒီအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ မြင်သူတကာငေးရတဲ့ အလှတရားကိုပိုင်ဆိုင်ထားသူတစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ်တစ်ဦးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အောန်ဆိုင်းဟာ သင်္ကြန်ကို မြန်မာနိုင်ငံမှာ မကဲပဲ ဖိလစ်ပိုင်နိုင်ငံ၊ Palawan ဒေသမှာရှိတဲ့ အယ်လ်နီဒိုကျွန်းကို ရောက်ရှိနေခဲ့ပါတယ်။

သင်္ကြန်အကျနေ့မှာ အောန်ဆိုင်းဟာ “ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ၊ ဒီနှစ်သင်္ကြန်တော့ ရေပဲစိမ်တော့မယ်” ဆိုပြီး သူမကမ်းခြေရောက်ရှိနေပုံနှင့်တကွ စာရေးသားတင်ခဲ့ပါတယ်။ သင်္ကြန်အတက်နေ့မှာတော့ အောန်ဆိုင်းဟာ “ယူတို့အရမ်းကဲနေတယ်လို့ကြားတယ် ကိုလည်းဒီမှာ မဲပြာနေပြီဆိုပြီး” ပင်လယ်ပြင်မှာ ကစားနေတဲ့ ပုံရိပ်တစ်ချို့ကို တင်ခဲ့ပါတယ်။

အောန်ဆိုင်းဟာ စွန့်စားတာ၊ ပင်လယ်ထဲရေဆင်းကူးရတာမျိုးတွေကိုကြိုက်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သူမရဲ့ ဖေ့ဘွတ်ခ်အကောင့်မှ ပုံများကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ အောန်ဆိုင်းဟာ လတ်တလော ရောက်ရှိနေတဲ့ အယ်လ်နီဒိုကျွန်းမှာရှိတဲ့ သန္တာကျောက်တန်းတွေဆီကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။

“ကမ္ဘာပေါ်မှာ အလွန်ရှားပါးနေပြီဖြစ်တဲ့ သန္တာကျောက်တန်းကြီးကို ဒီခရီးစဉ်မှာ မြင်တွေ့ခွင့်ရတယ်၊ ဘဝမှပထမဆုံးမြင်ဖူးခြင်း ဒီသန္တာကျောက်တန်းဟာရေနေသတ္တဝါတွေအတွက်လဲအရေးကြီးသလို ပင်လယ်ကြီးကျန်းမာရှင်သန်ဖို့လဲ အရမ်းကြီးပါတယ်၊ ဒီနိုင်ငံကသူတွေက တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နေတာတွေ့ရတယ် အဲ့လိုမြင်တော့ တစ်ဖက်မှာဝမ်းနည်းမိတယ်၊ ကိုယ်တွေနိုင်ငံ (ငွေဆောင်၊ ကပ္ပလီ) တွေမှာတစ်ချိန်ကရှိတယ်ကြားဖူးတယ်၊ တန်ဖိုးထားရမှန်းမသိလို့ စည်းကမ်းမရှိခဲ့လို့ coral reefs နဲ့ပတ်သတ်ပြီး ဗဟုသုတမရှိခဲ့လို့ ခုတော့…….

ပင်လယ်ကြီးကို ချစ်ပါ coral reef နဲ့လုပ်တဲ့ပစ္စည်းတွေကိုမဝယ်ပါနဲ့ ” ဆိုပြီး ပရိသတ်ကို ပင်လယ်ကြီးကိုစောင့်ရှောက်ဖို့အသိပေးလှုံ့ဆော်ခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ မော်ဒယ် အောန်ဆိုင်းရဲ့အလှတရားတွေကတော့ပင်လယ်ကြီးနဲ့ သူ့ထက်ငါအပြိုင်လှနေတော့တာပါပဲ။ အောန်ဆိုင်းကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။

(ပိုပိုလေး)


18 Apr 2019     1,417 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS