BEC-TERO TV

သြစတြေးလျနိုင်ငံဝင်ခွင့် ဗီဇာဥပဒေတင်းကြပ်

18 Apr 2019     1,309 Views


သြစတြေးလျနိုင်ငံသို့ ဝင်ရောက်ရန် မည်သည့်ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားကိုမဆို ကိုင်ဆောင်ထားသူဖြစ်စေ တားမြစ်ထားသော ပစ္စည်းများကို သယ်ဆောင်လာပါက ဗီဇာချက်ခြင်းပယ်ဖျက်ခံရမှာဖြစ်ပြီး ၃ နှစ်တိတိ ဗီဇာလျှောက်ထားခွင့်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ကြေညာခဲ့သည်။
 
သြစတြေးလျနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားများ ဝင်ထွက်သွာလာနေရာတစ်ခုထဲတင်သာမက ပညာရေးတွင်ပါ ကျော်ကြားသဖြင့် လာရောက်ကြသူများ တစ်နှစ်ထက်တစ်နှစ် များပြားလျှက်ရှိသည်။ ဒီအတွက်ကြောင့် နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကြပ်သည့်အနေနဲ့ အဆိုပါ ဥပဒေသစ်ကို ပြဌ့န်းလိုက်ခြင်းဖြစ်သည်။
 
 
သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး၏ တရားဝင်ခွင့်ပြုချက်မရပဲ တားမြစ်ထားသည့် အရာများ သယ်ဆောင်လာပါက ဗီဇာပျက်ပြယ်ပြီး ဗီဇာလျှောက်ခွင့်လည်း ၃ နှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။ 
 
သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးက တားမြစ်ထားတဲ့ အရာတွေနဲ့ သယ်ယူဖွင့်ပြုတဲ့ အရာများကို စာရင်းများနဲ့အတိအကျသိရှိရန် ဤနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
 

18 Apr 2019     1,309 Views




RELATED

Most Popular of International News

Most Popular of NEWS