BEC-TERO TV

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားစခန်း စမတ် ကားပါကင်အစီစဉ် ပြန်လာပြီ

19 Apr 2019     1,249 Views


ရန်ကုန်မြို့တွင်း တစ်နေ့တစ်ခြား တိုးတက်များပြားလာတဲ့ ကားအစီးရေများကြောင့် ယာဉ်ပိုင်ရှင်များ နေ့စဉ်ရင်ဆိုင်ကြုံတွေနေရသည့် ကားရပ်နားရာ(ပါကင်) အခက်အခဲကို ဖြေရှင်းနိုင်ရန် စမတ်ကားပါကင်များ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မကြာမီ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်သည်။
 
မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ နဲ့ လမ်းမတော် မြို့နယ်များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ကြေညာထားသည်။ 
 
၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းကလည်း စမတ်ကားပါကင်များ ဆောက်လုပ်ရေးအတွက် တင်ဒါများခေါ်ယူခဲ့ရာ အောင်မြင်ခဲ့ခြင်းမရှိသဖြင့် အစီစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
 
ယခုတဖန် Smart Parking တည်ဆောက်ရေးအတွက် စိတ်ဝင်စားသူများအနေနဲ့ အဆိုပြုလွှာ (EOI) ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး တင်သွင်းနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ကြေညာထားခဲ့သည်။
 
စမတ်ကားပါကင် ဖော်ဆောင်မည့် မြို့နယ် ၆ မြို့နယ်ရှိ လမ်းမကြီးများတွင် ယာဉ်ရပ်နားမည်ဆိုပါက တစ်နာရီလျှင် ၂၀၀ ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
သတင်းကိုးကား - The Myanmar Times

19 Apr 2019     1,249 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS