BEC-TERO TV

ဆီးမီးဖိုင်နယ်အဆင့်ကို အသီးသီးတက်ရောက်သွားနိုင်ခဲ့ကြတဲ့ ချလ်ဆီး နှင့် အာဆင်နယ်

19 Apr 2019     1,300 Views


ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့် မှာ ချလ်ဆီး အသင်းနှင့် အာဆင်နယ် အသင်း တို့က နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ချလ်ဆီးအသင်းက ဆလားဗီးယားပရပ်ဂ် အသင်းကို ၄-၃ ဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၃ ဖြင့် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းက နာပိုလီအသင်းကို အဝေးကွင်းမှာ ၀-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၀-၃ ဖြင့်နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။  

အာဆင်နယ်အသင်းက အဝေးကွင်းမှာ နာပိုလီကို လာကာဇက်တီ ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ် နောက်တစ်ဆင့်မှာ ဗလန်စီယာ အသင်းနဲ့တွေ့ ဆုံ သွားမှာဖြစ်ပါတယ်။

ချလ်ဆီးအသင်းက အိမ်ကွင်းမှာ ဆလားဗီးယားပရပ်ဂ် အသင်းကို ၄-၃ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ချလ်ဆီးအသင်းအတွက် ဂိုးတွေကို ဂီရော့်ဂ် ၊ ပက်ဒရို နဲ့ ဆီမွန် ဒေလီ (OG) တို့ကသွင်းယူပေးခဲ့ပြီး ဆလားဗီးယားပရပ်ဂ် ဂိုးတွေကို သောမက် ဆာက်ဆက် နဲ့  ဆက်ဆစ် တို့က သွင်းယူပေးခဲ့ပါတယ်။ချလ်ဆီးအသင်းက ဆီးမီးနောက်တစ်ဆင့်မှာ ဖရန့်ဖက်အသင်း နဲ့တွေ့ ဆုံသွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ဆီးမီးဖိုင်နယ် ပ-ကျော့ ပွဲစဉ်များကို လာမည့် မတ်လ ၃ ရက်နေ့ညမှာ အသီးသီးယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။


19 Apr 2019     1,300 Views




RELATED

Most Popular of Football

Most Popular of Sport