BEC-TERO TV

အရိပ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ခဲ့တဲ့ ယနေ့မြန်မာ့မီးရထား (ရုပ်သံ)

19 Apr 2019     1,433 Views


ပြည်သူလူထုတွေ စိတ်ကုန်ပြီး မေ့ထားတာတာကြာပြီဖြစ်တဲ့ မြန်မာမီးရထားဟာ အခုအစိုးရသစ်လက်ထပ်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် အစစအရာရာ အဆင့်မြင့်တိုးတက်လာကာ ရထားနဲ့ခရီးသွားရတာ စိတ်ချမ်းသာတယ်ဆိုတဲ့ ကောင်းမွန်တဲ့ တုံ့ပြန်စကားတွေ သတင်းတွေ တစတစမွှေးပျံ့လာခဲ့ပါပြီ။
 
ဟိုယခင်အချိန်ကဆိုရင် ဘူတာကြီးမှာ လတ်မှတ်ဝယ်တာကစလို့ ရထားပေါ်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှု၊ ဝန်ဆောင်မှုညံ့ဖျင်းမှု၊ ဘေးကင်းလုံခြုံမှုမရှိတာတွေအလယ် ခရီးလမ်းဘူတာကို သတ်မှတ်ထားတဲ့ အချိန်မရောက်နိုင်တာ အဆုံး ခရီးစဉ်တစ်လျှောက် အဆင်မပြေမှုတွေကြောင့် မြန်မာ့မီးရထားကို လူတွေ မေ့ထားကြတာကြာပါပြီ၊ အချိန်ရပြီး ရထားစီးချင်တဲ့သူတွေ၊ လက်မှတ်ခ စတာတွေကြောင့်သာ စီးနင်းကြပါတော့တယ်။
 
 
ယခုတော့ မြန်မာ့မီးရထားရဲ့ အဆင့်မြှင့်တင်ထားမှုနဲ့ ဝန်ဆောင်မှုတွေကြောင့် ရထားနဲ့ခရီးသွားဖို့ လူတွေပြန်လည် စိတ်ဝင်စားလာကြပြီဖြစ်ပါတယ်။ ယခုဆောင်းပါးနဲ့အတူ ပါရှိတဲ့ ရုပ်သံဓါတ်ပုံတွေက မြန်မာ့မီးရထားရဲ့ လက်ရှိ အခြေအနေတွေဖြစ်တာကြောင့် ဒီရုပ်သံကို ကြည့်ပြီးရင် ရထားနဲ့ခရီးသွားချင်စိတ် ပေါက်သွားမယ်ဆိုတာ ရာနှုန်းပြည့် အာမခံပါတယ်။
 
ဖော်ပြပါရုပ်သံဟာ မန္တလေး − ရန်ကုန် ညနေ ၄:၁၅ အစုန်ရထားဖြစ်ပြီး မန္တလေးဘူတာကြီးမှ နာရီအတိအကျ ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာကို နောက်တစ်ရက်နံနက် ၈:၀၅ မိနစ် အချိန်အတိအကျ ဆိုက်ရောက်ခဲ့ပါတယ်။ လမ်းမှာ သာစည်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး ဘူတာ ၅ ဘူတာပဲ ရပ်နားခဲ့ပါတယ်။ 
 
 
ရထားပေါ်မှာ ရောင်းချတဲ့ ထမင်းကြော်က တစ်ပွဲ ၇၀၀ မို့ တန်လည်းတန်တယ်လို့ ပိုစ့်ပိုင်ရှင်က ရေးသားခဲ့ပါတယ်။ ရိုးရိုးအမြန်ရထားရဲ့ အိမ်စင်တွဲကတော့ ရှယ်ပါပဲ (ဒါတောင် လေအိတ်ရထားမဟုတ်သေးဘူးနော်)။
 
 
လမ်းတစ်လျှောက် ရထားကလမ်းတွေက ညက်ညောပြီ ကဆုန်ပေါက်ဆုန်တာမျိုးမရှိပဲ ဘယ်ညာယိမ်းတာလောက်သာ အနည်းငယ်ရှိလို့ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ခဲ့တဲ့အတွက် ကားထက်စာရင် ရထားကပိုပြီး သက်တောင့်သက်သာရှိတယ်လို့ ဖော်ပြထားပါတယ်။
ကဲ.. ဘယ်လိုလဲ ဒီတစ်ခါ ခရီးသွားရင် ရထားစီးတော့မယ်လို့ ဆုံးဖြတ်လိုက်ကြပြီမဟုတ်လား..။
 
ရုပ်သံ/ဓါတ်ပုံ - ZN.H

 


19 Apr 2019     1,433 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS