BEC-TERO TV

သမီးလေးရှေ့မှာတောင် အနေအထိုင်မဆင်ခြင်ဘူးဆိုကာ အကြောင်းစုံရေးပြီးပေါက်ကွဲလိုက်တဲ့ ဘုဏ်းသိုက်

19 Apr 2019     1,583 Views


ရုပ်ရှင်သရုပ်ဆောင်ဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့နှစ်ဦးဟာဆိုရင် ပရိသတ်တွေအားပေးကြရတဲ့ အနုပညာရှင်တွေဖြစ်ကြပြီး သမီးလေးတစ်ယောက်ရတဲ့အထိ လက်တွဲခဲ့ပြီးမှ လောကဓံတရားကြောင့် နှစ်ဦးသားအဆင်မပြေဖြစ်ကြကာ အိမ်ထောင်ရေးပြိုကွဲသွားကြတာကို ပရိသတ်ကြီးအားလုံးလဲသိပြီးဖြစ်မှာပါ။ ပျော်ရွှင်စွာတည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုပြိုကွဲသွားပြီးနောက်မှာတော့ ချမ်းချမ်းနဲ့ဘုဏ်းသိုက်တို့နှစ်ဦးဟာ ကိုယ်စီရွေးချယ်ထားတဲ့လမ်းကို လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

မိဘနှစ်ဦးရဲ့ဆက်ဆံရေးက အဆင်မပြေကြတော့ချိန်မှာ သမီးလေးရှေ့မှာတော့ အနေအထိုင်ဆင်ခြင်ပေးဖို့ကို ဘုဏ်းသိုက်ဘက်မှ ချမ်းချမ်းဆီကသဘောတူညီချက်ကတိကို တောင်းခံခဲ့ပါတယ်။ မနေ့ညအချိန်မှာတော့ သရုပ်ဆောင်ဘုဏ်းသိုက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေ သမီးလေးရှေ့မှာ အနေအထိုင်ဆင်ခြင်ဖို့ ပေးထားတဲ့ကတိကိုဖောက်ဖျက်တယ်ဆိုကာ ပေါက်ကွဲထွက်လိုက်တာပဲဖြစ်ပါတယ်။ အနေအထိုင်မဆင်ခြင်ခဲ့တဲ့ ဇနီးဟောင်းဖြစ်သူချမ်းချမ်းရဲ့အကြောင်းတွေကို ရေးသားကာ တရားရုံးကနေ တရားဝင်ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းကိုပါ ထည့်သွင်းရေးသားခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ဘုဏ်းသိုက်ရေးသားထားတာတွေကို မျှဝေပေးလိုက်ရပါတယ်။

ဘုဏ်းသိုက်ရေးသားထားတာကတော့ “လိမ်ပြန်ပြီ။ ကတိဖျက်ပြန်ပြီ။ ဒီတစ်ခါနင်လိမ်တာ အရမ်းကိုများတယ်ဟာ..။ သမီးလေးရှေ့မှာ အနေအထိုင်ဆင်ခြင်ပေးပါလို့ တစ်ခွန်းပဲတောင်းဆိုတယ်.."ကျွန်မက ဘာလုပ်နေလို့လဲ ...ခိုးကြောင်ခိုးဝှက် လုပ်နေတာတစ်ခုမှမရှိဘူး..ကျွန်မက ရိုးသားတယ်..ကျွန်မကိုဆိုအကောင်းကိုမမြင်ဘူး ...အဲဒါကြောင့်ပြောတာ” ဆိုပြီး...ထုံးစံအတိုင်း ကိုယ်ကတစ်ခွန်း...သူက ဆယ်ခွန်းပြောသွားရော...။ရိုးသားတာနဲ့ မျက်နှာပြောင်တိုက်တာကိုလည်း ရောထွေးနေပုံရတယ်..။ ထားပါ..အဓိကပြောချင်တာက **** မင်းပြောတဲ့ လူကြီးလူကောင်းဆိုတဲ့ပုဂ္ဂိုလ်နဲ့ ငါ့သမီးလေးကို မိတ်မဆက်ပေးပါနဲ့ ..။မင်းနဲ့ အဲ့ဒီလူကြီးလူကောင်းနဲ့ တွေ့ဖို့ချိန်းထားရင် ငါ့သမီးလေးကိုခေါ်မသွားပါနဲ့" လို့ ပြောတော့ မခေါ်ပါဘူးတဲ့...။

မင်းဆီကိုတစ်ပတ်လုံးနေမှ ၂ရက်လောက်ပဲ ကလေးကလာနေတဲ့အတွက် နင်တယောက်ယောက်နဲ့ တွေ့ဖို့ဆို ကျန်တဲ့ ၅ရက်မှာ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူနဲ့တွေ့နိုင်တယ်။ အဲ့ဒီ ၂ရက်ကိုတော့ သမီးလေးကိုအချိန်ပေးပါ။
အကယ်၍ နင်တစ်ပတ်လုံး မအားဘူးဆိုရင်တော့ ကလေးကိုတစ်ပတ်လုံး ငါပဲထိန်းမယ်လို့ ပြောထားပြီးသား။ အဓိက ပြောချင်တာက ငါ့သမီးလေးကိုဒီအချိန်မှာ ပေးမသိစေချင်သေးတဲ့အသိ..ပေးပြီးမမြင်စေချင်တဲ့ မြင်ကွင်းတွေရှိတယ်..။အဲဒါကသူ့အမေက သူ့အဖေမဟုတ်တဲ့ သူစိမ်းယောကျာ်းတစ်ယောက်နဲ့ ပုံမှန်ထက်ပိုပြီးရင်းနှီးပူးကပ်နေတဲ့ မြင်ကွင်းမျိုးမပြောနဲ့ ပုံမှန်တွေ့ဆုံနေတယ်ဆိုတာကိုတောင် မမြင်စေချင်သေးဘူး...။ ပြီးတော့ အဲဒီလူကသူ့အမေနဲ့ ဘယ်လိုဆက်ဆံရေးရှိတဲ့လူလဲလို့ မသိစေချင်သေးဘူး..။ အဲဒါ သမီးလေးအတွက်လည်း ဟုတ်တယ်..။မင်းအတွက်လည်း ဟုတ်တယ်။

အဲ့တော့ငါတောင်းဆိုတာက ဒီ တစ်ခုတည်း..။မင်းရဲ့လူနဲ့တွေ့ဖို့သွားမယ်ဆို ငါ့သမီးလေးကိုလုံးဝခေါ်မသွားပါနဲ့..။ ငါ့စိတ်က တော်တော်အဆင်မပြေလို့ပါဆိုတော့.. အင်းပါ...ကျွန်မကအရူးမှမဟုတ်တာ တစ်ခါမှလည်းခေါ်မသွားဖူးပါဘူး တဲ့...။ ကဲ...ပြီးပြီးသားတွေထားပါတော့..။ သမီးလေးကို ငါချော့မေးပြီးသွားပါပြီ လိမ်မနေပါနဲ့တော့...။ နင်သမီးလေးကို နှစ်ခါခေါ်သွားဖူးတာ ငါသိပြီးပါပြီ။ သမီးလေးနဲ့ပတ်သတ်လို့ ဒီစကားလေးတော့နားထောင်ပေးပါလို့ ကြိုပြီးပြောထားတယ်..။ ဒါပေမယ့်.....ကလေးက ၃ ရက်လောက်ပါသွားပြီး ပြန်ရောက်လာတော့..." မေမေနဲ့ အဲ့ဒီဘိုကြီးက အာဘွားပေးနေကြတယ်လို့" သမီးလေးက ငိုပြီးငါ့ကိုပြောတော့..ငါဘယ်လိုဖြစ်သွားမလဲ...? တရားဝင်မကွာရှင်းရသေးတဲ့ ယောကျာ်းတစ်ယောက်ရဲ့ခံစားချက်ကို ခဏဖယ်ထားပါဦး.. သမီးရဲ့အဖေတစ်ယောက်အနေနဲ့ အဲ့ဒီစကားက ငါ့ကိုဘယ်လောက်ထိဖြစ်သွားစေမလဲ ...?

(အဲဒီလိုတရားဝင် မကွာရှင်းရသေးဘူးဆိုတာမသိဘဲ ပေါ်ပေါ်တင်တင်တွေလျှောက်ပြီးသွားလာ လှုပ်ရှားနေတာက မင်းအတွက် မင်းတို့နှစ်ယောက်စလုံးအတွက် အန္တရာယ်ရှိတယ်ဆိုတာကိုရော မင်းတို့သိရဲ့လား...?) ထားပါတော့ ...အဲ့လိုကိစ္စတွေက ငါသာသေသွားမယ် ဘယ်တော့မှလုပ်ဖြစ်မှာလည်းမဟုတ်သလို...ဘယ်သူ့ကိုမှလည်း မလုပ်ရက်ဘူး...။ အခုအဓိကပြောချင်တာက မင်းနဲ့ မင်းရဲ့လူအကြောင်း ပြောဖို့မဟုတ်ဘူး။ သမီးလေး ကိစ္စ။ (ဒါကိုလည်း ဒရာမာချိုးတယ်လို့ ပြောဦးမယ်မလား..။) သမီးလေးကို အင်းလေးသင်္ကြန်ခေါ်သွားမယ်..တဲ့။ ဘယ်သူတွေပါလဲလို့မေးတော့ ကျွန်မတို့သားအမိ ၂ယောက်ရယ် ...ကျွန်မ အမေရယ်တဲ့.. ပေါင်းသုံးယောက်တည်းလား ဘယ်သူပါသေးလဲဆိုတော့...။အေးလေ ..ဘယ်သူပါရမှာလဲ..သုံးယောက်တည်းပေါ့တဲ့....။ အမှတ်မရှိဘူး ငါကလည်းယုံပြီး ထည့်ပေးလိုက်တယ်..။ အကြိုနေ့ သမီးလေးနဲ့ဖုန်းပြောတယ်..။ဘယ်သူတွေပါသေးလဲ. သမီးလေးလို့မေးတော့ ကလေးကနည်းနည်းဟမ်းသွားတယ်၊ ဘေးမှာရှိနေတဲ့ နင်ကယူပြီးဖြေတယ် "ကျွန်မရယ် အမေရယ် သမီးလေးရယ်..သုံးယောက်ပဲလေ.." တဲ့..။

အကြိုနေ့ည ....သတင်းတစ်ခု ငါ့ဆီရောက်လာတယ်..။ ပြီးတော့ ဓာတ်ပုံတွေရော...။ဗီဒီယိုတွေရော...။ငါအလေးအနက်အထားဆုံးကိစ္စကိုလည်း ပေါ့ပေါ့ပါးပါးလေး နင်လိမ်ပစ်တာပဲ...။"သွားတုန်းကတော့ သုံးယောက်တည်း ....သူကလည်း သူ့အလုပ်နဲ့သူလာရင်း ဟိုရောက်မှတွေ့ကြတာလို့ ပလီဦးမလား...။ကားပေါ်ကဓါတ်ပုံက ?ရန်ကုန်ကထွက်ကတည်းက ကားပေါ်မှာ မိသားစုလေးတစ်ခုအပျော်ခရီးထွက်သလို... မင်းအမေကလည်း ငါနဲ့အတူတူသွားလာနေတုန်းက ငါ့ကိုပြုံးပြတဲ့အပြုံးအတိုင်းပဲ...မင်းကလည်း ငါနဲ့သွားလာနေတုန်းက မျက်နှာပေးအတိုင်းပဲ ငါ့ကိုဗြောင်လိမ် ကတိတွေဖျက်ပြီး သွားလာနေတာကို ရိုးသားတာလို့ပြောဦးမှာပဲ...လား..။

ညအိပ်ခါနီးဆို သမီးလေးကသူ့မွေးနေ့အတွက် ငါရယ် နင်ရယ် သူရယ် ဇန်နဝါရီလ ၂၅ ရက်နေ့တုန်းက ငါတို့သုံးယောက်တည်း ကိတ်ခွဲကြတဲ့နေ့အကြောင်း ပျော်ပြီးပြောတုန်း။ သင်္ကြန်မတိုင်ခင်တစ်ရက်အလို မှာ သမီးလေးကို ငါ့ဆီကနင်လာခေါ်သွားတယ်။ ကားနားအထိ သမီးကိုငါကိုယ်တိုင် ချီပြီးလိုက်ပို့တယ်။ နောက် ၂ရက်လောက်ကြာတော့... ဒီလူနဲ့ လူတွေရှေ့မှာ...သမီးလေးရှေ့မှာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်နေပုံက ၁၁ နှစ်ကျော်ဖြတ်သန်းခဲ့တဲ့ သူ့အဖေနဲ့နေခဲ့တဲ့ပုံစံမျိုးပဲ...။ ဒီမြင်ကွင်းကု မြင်ရဖန်များလာခဲ့ရင် ကလေးအနေနဲ့...ဒီလို လုပ်ရပ်ဟာမစိမ်းတော့ဘဲ မိန်းကလေးတစ်ယောက် (အထူးသဖြင့် သူ့အမေ )ဟာ ဒီလိုမျိုး ...ကိုယ့်အဖေအပြင် နောက်ထပ်သူစိမ်းယောကျာ်းတစ်ယောက်နဲ့ ဒီလောက်ထိလွတ်လပ်ပွင့်လင်းပြီး နေလို့ရတာပဲလား...။ဒီလိုလုပ်ရပ်ကမှ မင်းပြောသလိုရိုးသားတာလို့...ငါ့သမီးလေးက အဲ့လိုအတွေးဖြစ်သွားခဲ့ရင်...?

အဲ့ဒီလိုခံစားမှုကစိတ်ဒဏ်ရာတစ်ခုလို့ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ သူ့မသိစိတ်မှာစွဲသွားခဲ့ရင်.....? ပြီးတော့လည်း သူ့အမေနဲ့ပတ်သတ်တဲ့ ဒီလိုမြင်ကွင်းမျိုးက ဒီတစ်သက်လုံး ဒီလူတစ်ယောက်နဲ့ပဲ တည်တည်တံ့တံ့ 
ရိုးမြေကျ နေသွားနိုင်ရင်တော့လည်းတစ်မျိုးပေါ့...။ အကယ်၍သာ အကြောင်းကြောင်းတွေကြောင့် မဖြစ်ခဲ့ရင်....? နောက်ထပ်ဒီလိုမြင်ကွင်းတွေ....? မလိုအပ်ဘူးလေ....။ ဒါနင့်အတွက်ပဲ ပြောတာပါ..။

သမီးလေးတစ်ယောက် အထူးသဖြင့် အခုလိုအရွယ် အရာရာကိုသင်ယူနေတဲ့အရွယ်မှာ သူ့အနီးဆုံးမှာရှိတဲ့ လူတွေရဲ့အပြုအမူ၊ အနေအထိုင် တုံ့ပြန်တာ လက်ခံတာ ငြင်းဆန်တာ ဒါတွေကိုအကုန်သင်ယူနေတဲ့အချိန်မှာ ဒီအရွယ်ကအရေးအကြီးဆုံးပဲ...။ သူဒီထက်ကြီးသွားလို့ ရင့်ကျက်လာတဲ့အရွယ် ..လောကအကြောင်း.. လူတွေအကြောင်း..သူ့အဖေအကြောင်း..သူ့အမေအကြောင်း...သူ့ဘာသာ သူ့နှလုံးသားနဲ့ သူ့ဦးနှောက်နဲ့ အစွဲကင်းကင်းနဲ့ခံစားပါစေ...ရွေးချယ်ပါစေ.. မင်းကတော့ "အပိုတွေပါ"လို့ ပြောမှာပဲ..။မထင်လိုက်ပါနဲ့ ...။ ပထမတစ်ခေါက်တုန်းက ဒီလိုမြင်ကွင်းကိုငိုပြီးတိုင်တဲ့ကလေးက အခုဘာမှမထူးဆန်းတော့တဲ့ပုံနဲ့ ရယ်မောနေပြီ..။ ချက်ချင်းလိုက်လာပြီး သမီးလေးကိုပြန်ခေါ်လာဖို့ လေယဉ်လက်မှတ်တောင်ဝယ်ပြီးပြီ။ ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီး ဘယ်လိုပျော့ပြောင်းတဲ့မျက်နှာနဲ့ပဲ ငါ့သမီးလေးကို လာခေါ် လာခေါ် ...ညမင်းတို့ဘာသာညပျော်ပြီးရိုနေကြတာကို လာနှောက်ယှက်ဖျက်စီးတဲ့ကောင်ဆိုပြီး ..အပြောခံရဦးမှာပဲ.. တရားဝင်ကွာရှင်းပြီးမှ တွဲတာလေဆိုပြီး..မင်းကိုယ်တိုင်က အသံကောင်းဟစ်ဦးမယ်.. 

****သိစေချင်တာက(သတင်းစာထဲ ပါလာတဲ့နေ့အထိ )ငါတောင် မသိလိုက်ဘဲ ကွာရှင်းတဲ့အကြောင်း တစ်ဘက်သတ်သွားထည့်လိုက်တာနဲ့ မင်းလုပ်သမျှ ငါနဲ့မဆိုင်တော့ဘူး ...တရားဝင်ကွာရှင်းပြီးပြီလို့ ထင်နေတာလား....။ လင်မယားကွာရှင်းခြင်းဆိုင်ရာ ဥပဒေရဲ့အကျိုးအပြစ်ကို တစ်ချက်ဖတ်ကြည့်လိုက်ပါ..။ ဒီနှစ်ရဲ့ ဇန်နဝါရီလဆန်း ၂ ရက်နေ့လောက်မှာ ..ဖျားနေတဲ့ငါ့ဆီ သမီးလေးကိုလာပို့ပေး .ကျန်းမာရေးဂရုစိုက်လို့ ပြောပြီးထွက်သွား...။ နောက်နေ့ သမီးရဲ့ library book ဝင်ယူဖို့ ဖုန်းဆက်တော့မှ မင်း အီတလီကို ရက်ရှည်ခရီးထွက်သွားပြီလို့ သိလိုက်ရတဲ့နေ့...။ မသွားခင် မိနစ်ပိုင်းလေးအလိုထိကိုပဲ ဘာတစ်ခွန်းမှပြောမသွားခဲ့တဲ့နေ့...။ ဘယ်သူနဲ့သွားတယ်ဆိုတာ သိလိုက်ရတဲ့နေ့...။
နောက်ဆုံးမင်းကိုယ်တိုင် public ကို ဒီလိုဗြောင်ကျကျ အသိပေးတဲ့နေ့....။ ဘယ်လိုပဲဖြစ်ဖြစ်...ပါ။ ဒါတွေဟာ မင်း လိုချင်လို့မှ ရွေးယူခဲ့တဲ့အရာတွေဆိုတာ ဒီသင်္ကြန်ရက်တွေမှာရှိနေခဲ့တဲ့ မင်းရဲ့အပျော်တွေကိုကြည့်ရင်း သိနိုင်နေတာပဲ...။

(Blessings တစ်ခုလို ထူးထူးခြားခြားငါတို့မိသားစုလေး ပြန်ပေါင်းစည်းကြမယ့်အရေးကိုမျှော်ပြီး ပျော်ဖို့စောင့်နေကြတဲ့ သူတွေအများကြီး ....။ သူတို့ရဲ့မျှော်လင့်ချက်တွေအတွက်တော့ ငါတို့မိသားစုလေးရဲ့ ဦးစီးခေါင်းဆောင်အနေနဲ့ ငါကပဲတောင်းပန်ရမှာပါ။ သူတို့အားလုံးကို ငါပြောခဲ့တဲ့စကားအတိုင်းပဲ... "ဒီမိသားစုလေး ပြန်ပေါင်းစည်းဖို့အရေး ဒီတစ်နှစ်ခွဲအတွင်း ငါကြိုးစားခဲ့တာပဲ..။ တစ်ခုပဲ သတင်းစာထဲပါလာပြီး ၇ လလောက်ကတည်းက အဖြေထွက်နေခဲ့ပြီးသားမင်းကို "ငါ ဘာမှားနေလို့လဲ.."" ဆိုတဲ့မေးခွန်းကို ငါ ဘယ်နှစ်ကြိမ် မေးမေး...မင်းကတော့ တစ်ခါမေးတိုင်း....အဖြေ တစ်မျိုးပြောင်းပေးနေဦးမှာပဲ...။ အဲဒီတော့..ငါမေးတိုင်း လွှဲပြီးပေးနေမယ့် မင်းအဖြေတွေအတွက် ငါဘာမေးခွန်းမှ မေးလိုစိတ်မရှိတော့ဘူး..။

အဓိကကတော့ သမီးလေးနဲ့ပတ်သတ်ပြီး ငါတောင်းဆိုတဲ့ဒီတစ်ခုကို လေးလေးစားစားလေး လက်ခံပေးပါ။ အဲဒီအတွက် အပြန်အလှန်အနေနဲ့...ငါ ပြန်ပေးနိုင်တာက ငါ့ကိုလည်း သေလူလို ရှိတယ်လို့တောင်ထင်စရာမလိုဘဲ လွတ်လွတ်လပ်လပ်နဲ့ မင်းဆန္ဒရှိရာ အကောင်အထည်ဖော်နိုင်ပါတယ်။ အဲဒီတော့ ဒီသီတင်းပတ်ထဲက မင်းအားမယ့်တစ်ရက်ရက် ငါတရားရုံးမှာ တရားဝင်ကွာရှင်းချင်ပါတယ်...! ဒါပါပဲ....။ ဘုဏ်းသိုက်” ဆိုပြီးရေးသားကာ ဓာတ်ပုံတွေနဲ့တကွတင်ထားတာပဲဖြစ်ပါတယ်။ ယခုလို ဘုဏ်းသိုက်ရေးသားထားတဲ့ အကြောင်းအရာတွေကို တစ်ချို့သောပရိသတ်တွေကလဲ မစားရတဲ့အမဲ သဲနဲ့ပတ်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာတွေလဲ တွေ့ရပါတယ်။

 

(ပိုပိုလေး)


19 Apr 2019     1,583 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS