BEC-TERO TV

၈ ပွဲပယ်ပြစ်ဒဏ်ကျခံရုံတင်မက အက်သလက်တီကို အသင်းနဲ့ပါ ပြသာနာတွေတတ်နေတဲ့ ကော်စတာ

19 Apr 2019     1,330 Views


ဘောလုံးလောကရဲ့ လူဆိုးကြီးလို့ သတ်မှတ်ထားခံရတဲ့ ဒီယေဂိုကော်စတာဟာ ၈ ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ကလပ်အသင်းရဲ့ အရေးယူခြင်းကိုပါခံရတော့မှာဖြစ်ပါတယ်။ ကော်စတာဟာ ဘောလုံးကစားရာမှာ ကြမ်းကြမ်းတမ်းတမ်းကစားလေ့ရှိပြီး ဒိုင်( သို့မဟုတ်) တစ်ဖက် ကစားသမားတွေနဲ့ ပြသာနာ အမြဲတတ်တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

အခုလည်း ဒီယေဂိုကော်စတာဟာ အက်သလက်တီကို အသင်းနှင့် လေ့ကျင့်ရေးဆင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒီယေဂိုကော်စတာ ဟာ ကော်စတာဟာ ပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပြီး ၈  ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ဆဲဆိုတဲ့လုပ်ရပ်ကို အက်သတ်လတ်တီကိုအသင်းကလည်း ရှုံ့ ချခဲ့ပြီး ဒီယေဂိုကို ဆက်လက်အရေးယူသွားဖို့ရှိနေပါတယ်။

ချလ်ဆီးအသင်းမှာတုန်းကလည်း ခြေစွမ်းကောင်းတွေပြသထားနိုင်ပေမယ့် နည်းပြ ကွန်တီနဲ့ မပြေလည်မှုတွေကြောင့် ကော်စတာကို အက်သလက်တီကိုအသင်းကို ပြန်လည်ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီယေဂိုကော်စတာဟာ ဒီရာသီမှာ ၃၁ ပွဲကစားထားပြီး သွင်းဂိုး ၅ ဂိုးသာရရှိထားတာကြောင့် ဒီရာသီမှာ ခြေစွမ်းပြဖို့ အတော်ရုံးကန်နေရတာတဲ့အနေအထားကိုတွေ့ ရပါတယ်။

 

 

 

 

 

 


19 Apr 2019     1,330 Views




RELATED

Most Popular of Football

Most Popular of Sport