BEC-TERO TV

လူကို ကိုက်ချီလျှက် ချောင်းအတိုင်းမျှောလာတဲ့ မိကျောင်းကြီး (ရုပ်သံ)

23 Apr 2019     1,468 Views


လူရဲ့ခြေထောက်တစ်ဖက် ရေပေါ်မှာ ပေါ်လျှက် လူကိုပါးစပ်ထဲမှာ ကိုက်လျှက် ချောင်းရေထဲမှာ မျှောပြီးကူးလာတဲ့ မိကျောင်းတစ်ကောင်ရဲ့ ရုပ်သံဟာ ကြည့်ရှုသူတိုင်းကို ထိတ်လန့်သွားစေခဲ့ပါတယ်။ မိကျောင်းရဲ့ ပါးစပ်ထဲက လူကတော့ လွန်ခဲ့တဲ့ တစ်ရက်က ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။
 
>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<
 
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက အသက် ၃၀ အရွယ် Darlin Uti ဆိုသူဟာ သူ့ရဲ့အိမ်အနီးမှာ မြစ်ထဲမှာရှိတဲ့ ရေအောက်ပိုက်လိုင်းကို ပြုပြင်ဖို့ ရေငုတ်နေတဲ့အချိန်မှာ မိကျောင်းဆွဲခံခဲ့ရတာဖြစ်ပါတယ်။
 
မြစ်ကမ်းနဖူးမှာရှိတဲ့ သူ့ရဲ့ညီမက အသက်ရှုဖို့ တပ်ဆင်ထားတဲ့ ပိုက်ကို ပြန်ဆွဲပြီး အစ်ကိုဖြစ်သူကို ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပါတယ်။ မိကျောင်းက လူကိုဆွဲပြီး မြစ်ထဲကို ရေငုတ်ချသွားခဲ့ပါတယ်။
 
 
တာဝန်ရှိသူတွေ ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ခြင်းဆိုသလို မြစ်ကမ်းတစ်လျှောက် သူ့ကိုပြန်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ နောက်တစ်ရက်မှာ ဆက်လက်ရှာဖွေကြစဉ် ရုပ်သံအတိုင်း မိကျောင်းက သူ့ရဲ့ပါးစပ်ထဲမှာ ကိုက်ခဲလျှက် ရေပေါ်မှာ မျှောလာတာကို တွေ့ခဲ့ရပါတယ်။
 
 
ကယ်ဆယ်ရေးအဖွဲ့ရဲ့အဆိုအရ မိကျောင်းကိုက်တဲ့ ဒဏ်ရာကြောင့် Darlin Uti မှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ပေမယ့် သူ့ရဲ့အလောင်းကတော့ မိကျောင်းရဲ့ ခံတွင်းထဲမှာ ပုံစံမပျက်ရှိနေသေးတယ်လို့ သိရပါတယ်။
 
 
အဆိုပါ Malaoge မြစ်ကြောင်းတစ်လျှောက် မိကျောင်းအလွန်ပေါပြီး မကြာခဏဆိုသလို လူတွေအဆွဲခံရတဲ့အတွက် မိကျောင်းတွေ့တာနဲ့ သက်ဆိုင်ရာကို သတင်းပို့ဖို့ ကြေညာချက်ထုတ်ထားရကြောင်း သိရှိရသည်။
 

23 Apr 2019     1,468 Views




RELATED

Most Popular of Special or Others

Most Popular of NEWS