BEC-TERO TV

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော ဝင်ပူးခံရသူ "မြမြ" ဆိုတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ ့မှ ရှာဖွေနေ

23 Apr 2019     1,379 Views


လူမှုကွန်ရက်တွင်ပျံ့နှံ့နေသောဝင်ပူးသူ"မြမြ"ဆိုတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ ့မှ ရှာဖွေနေတယ်လို့ သိရပါတယ်။
 
"လောလောဆယ်မှာတော့ပြည်သူလူထုကိုအတိအကျတင်ပြနိုင်အောင် ကြိုးစားဆောင်ရွက်နိုင်ပါတယ်။ ကျောက်စိမ်းဖိနပ်စက်ရုံမှာလည်း အဲ့ဒီကောင်မလေးရဲ့နာမည်မရှိပါဘူး။ မြို့နယ်ရဲတပ်ဖွဲ့၊သက်ဆိုင်ရာအလုပ်သမားအဖွဲ့က လည်းအပူတပြင်းရှာဖွေနေပါတယ်"လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောပါတယ်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့ကဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လိုင်စင်ရုံးအနီးတွင် အုပ်စုဖွဲ့၍မုဒိန်းကျင့်ကာအသတ်ခံခဲ့ရသည်ဆိုသောမိန်းကလေးငယ်တစ်ဦးက သူမအသတ်ခံခဲ့ရသည့်ဖြစ်စဉ် နဲ့ပါက်သတ်ပြီး ဝင်ပူးသူ မြမြ က ပြောပြသည့် ရုပ်သံဗီဒီယို လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသော်လည်း တိုင်းတန်းထားသူမရှိသေးကြောင်း သိရပါတယ်။

အဆိုပါရုပ်သံVideo တွင် နှစ်​ဆန်​းတစ်​​ရက်​​နေ့ ပရိတ်တရားနာစဉ်​ မဇာခြည်​လွင်​ဆိုသူအား ရုတ်​တရက် ​မြမြဆိုသည်​့ ဝိဉာဉ်​ဝင်​ပူး၍ ၄င်​းအား သင်္ကြန်​အကြို​နေ့တွင်​ လည်​ပြီးပြန်​လာစဉ်​ Sweety Home စက်​ရုံမှ အမျိုးသားလုပ်​သား၃ဦးမှ အတင်​းဆွဲ​ခေါ်၍မုဒ်ိန်​းကျင်​့ခဲ့ပြီးဓားများဖြင်​့ခုတ်ထစ်ကာအ​​လောင်​းအားမီမလင်​းသည်​့ဓာတ်တိုင်​ခြုံပုတ်နားရှိ ​မြောင်း၏သုံ​ပေ​နေရာတွင်​မြုပ်​ထားသည်​ဟု ​ပြောဆိုခဲ့ပါတယ်။


23 Apr 2019     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS