BEC-TERO TV

လီဗာပူးလ် ၊ မန်စီးတီး တို့ကို ယှဉ်ပြိုင်နိုင်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ ဝန်ခံလိုက်တဲ့ ဆိုးရှားလ်

24 Apr 2019     1,337 Views


မန်ယူနိုက်တက် နည်းပြဆိုးရှားလ်က နောက်ရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး လီဗာပူးလ် နှင့် မန်စီးတီး အသင်းတို့ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ ဆိုလိုက်ပါတယ်။

ဒီနှစ်ရာသီမှာလည်း ဘာကာကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မရေရာ မသေချာ အနေအထားမှာ ရှိနေပါတယ်။

နှောင်နှစ်မှာ မန်စီးတီး ၊ လီဗာပူလ်း အသင်းတို့ကို စိန်ခေါ်နိုင်မှာလားဆိုတဲ့ မီဒီယာများ၏မေးမြန်ချက်ကို ဆိုးရှားလ်က “နောက်ရာသီမှာလည်း လီဗာပူးလ် ၊ မန်စီးတီး အသင်းတို့ကို စိန်ခေါ်နိုင်ဖို့မဖြစ်နိုင်သေးပါဘူး ၊ အသင်းကို နေ့ချင်းညချင်း ချက်ချင်းပြောင်းလဲယူလို့ မရပါဘူး ၊ တဖြည်းဖြည်းနဲ့ ပြောင်းလဲယူရမှာပါ ၊ သူတို့နှစ်သင်း အမှတ်ပေးဇယားထိပ်မှာ ရှိနေတာကို ကျွန်တော်တို့ မြင်ချင်တဲ့ အရာ မဟုတ်ပါဘူး ” လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ နှောင်နှစ်ရာသီမှာ ထိပ်သီး ကစားသမားတွေကို ခေါ်ယူသွားဖို့ရှိနေပြီး အသင်းကို ကြီး ကြီး မားမား အပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။ယနေ့ညမှာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။


24 Apr 2019     1,337 Views




RELATED

Most Popular of Football

Most Popular of Sport