BEC-TERO TV

မြို့လည်လမ်းမမှ ကားရပ်ကာ မြွေဟောက်တွေလွှတ်ပြီး ဓါးနဲ့ကြိမ်းသူ (ရုပ်သံ)

25 Apr 2019     1,343 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကားအသွားအလာများပြားတဲ့ ‘ရတ်ချာပရာဆောင်း’ လမ်းဆုံ ကားလမ်းမပေါ်မှာ ကားတစ်စီးထိုးရပ်ပြီး အိတ်လိုက်ထည့်လာတဲ့ မြွေဟောက်တွေ လမ်းမပေါ် လွှတ်ပေးခဲ့တာကြောင့် လူတွေထိတ်လန့်တကြား ပြေးလွှားခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
ရုပ်သံအရ မာစီဒီးဘန့်စ်အမျိုးအစား ကားအနက်ရောင်ကို လမ်းမအလယ်မှာ ရပ်ပြီးနောက် အင်္ကျီအဝါရောင်ဝတ်ထားတဲ့အမျိုးသားတစ်ဦး ဆင်းလာကာ မြွေဟောက်တွေ ထည့်ထားတဲ့ အိတ်ကို လမ်းပေါ်ချပြီးနောက် မြွေတွေကို လွှတ်လိုက်တာကြောင့် အနားမှ ဖြတ်သန်းသွားလာသူတွေအပြင် ယာဉ်ထိန်းရဲပါ ထွက်ပြေးခဲ့ရပါတယ်။
 
 
သတင်းအေဂျင်စီအချို့ရဲ့ ဖော်ပြချက်အရ အဆိုပါ အမျိုးသားမှာ နိုင်ငံခြားသားဖြစ်ကြောင်းနှင့် ၎င်းစီးနင်းလာသော မာစီဒီးကားမှာ နံပါတ်ပြားအနီရောင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားဟာ ကားပေါ်ကဆင်းလာပြီး မြွေအိတ်ကို လမ်းမပေါ်ချကာ လက်တစ်ဖက်တွင်လည်း အသားခုတ်ဓါးတစ်ချောင်း ကိုင်ထားပါတယ်။
 
အဲဒီနောက် မြွေတစ်ကောင်ကို ဆွဲယူကာ လူသွားစင်္ကြန်နားထိ လျှောက်သွားခဲ့တာကြောင့် လမ်းသွားလမ်းလာများနဲ့ ယာဉ်ထိန်းရဲပါ ထွက်ပြေးခဲ့ကြပါတယ်။ သူ့ရဲ့ကားပေါ်မှာလည်း နတ်ဘုရားရုပ်ပုံကားချပ်တွေ တင်ထားပြီး လူတွေကို တစ်ခုခုအော်ပြောနေတာကိုတွေ့ခဲ့ရပါတယ်။
 
 
အဲဒီနောက်မှာတော့ သူ့ကိုယ်သူ ဓါးနဲ့လှီးပြီး မြွေတွေကိုလည်း လမ်းမပေါ် အကုန်လွှတ်လိုက်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါတယ်။ အမျိုးသားကိုတော့ ည ၇ နာရီအချိန်လောက်မှာ သက်ဆိုင်ရာရဲအဖွဲ့က လာရောက်ထိန်းသိမ်းခဲ့ပြီး ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။
 

25 Apr 2019     1,343 Views




RELATED

Most Popular of Special or Others

Most Popular of NEWS