BEC-TERO TV

သီရီလင်္ကာ အသေခံဗုံးခွဲသမား ဘုရားကျောင်းတွင်း ဝင်ရောက် (ရုပ်သံ)

25 Apr 2019     1,348 Views


ဧပြီလ ၂၁ ရက်နေ့က သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်အသေခံဗုံးကွဲတိုက်ခိုက်မှုများ နေရာ ၆ နေရာတွင် တစ်ပြိုင်နက်နီးပါးဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၃၀၀ ခန့်သေဆုံးခဲ့ပြီး ၄၅၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ဗုံးခွဲခံခဲ့ရာနေရာတစ်ခုဖြစ်တဲ့ St Sebastian’s ဘုရားရှိခိုးကျောင်းထဲကို ဝင်ရောက်ခဲ့တဲ့ အသေခံဗုံးခွဲသမားရဲ့ ရုပ်သံပေါ်ထွက်လာပါတယ်။
ကျောပိုးအိတ်ကြီးကိုလွယ်ထားပြီး ရှပ်အင်္ကျီလက်တို ဝတ်ဆင်ထားတဲ့ ဖောက်ခွဲရေးသမားဟာ ဘုရားကျောင်းထဲကို ဝင်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘုရားကျောင်းထဲမှာ ဝတ်ပြုဆုတောင်းနေသူတွေ အများအပြားရှိနေတာကို တွေ့ခဲ့ရပါတယ်။
 
 
ဒီဖောက်ခွဲမှုတွေဟာ ဘာသာရေးအစွန်းရောက် အိုင်အက်စ်အဖွဲ့က သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

25 Apr 2019     1,348 Views




RELATED

Most Popular of International News

Most Popular of NEWS