BEC-TERO TV

လူနာမိန်းကလေးတစ်ဦး ဆေးရုံအသွား လူနာတင်ကားပေါ်တွင် စော်ကားခံရ

25 Apr 2019     1,465 Views


အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ အချိန်ပိုင်းအလုပ်ဝင်နေချိန် ရုတ်တရက် နေမကောင်းဖြစ်ပြီး မူးမေ့လဲကျရာမှ လူနာတင်ဆေးရုံကားနဲ့ ဆေးရုံသို့ အပို့မှာ လူနာတင်ကားပေါ်မှ ကျန်းမာရေးဝန်ထမ်းရဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတာကို ခံခဲ့ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ဧပြီလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှ ကျောင်းသူလေးတစ်ဦးဟာ တက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွင် အချိန်ပိုင်းအလုပ်ဝင်နေစဉ် ရုတ်တရက် အစာအိမ်ဝေဒနာကြောင့် နေမကောင်းဖြစ်လာသဖြင့် ဆိုင်ရှင်ကို ဖုန်းဆက်အကူညီတောင်းခဲ့ပါတယ်။
 
ကော်ဖီဆိုင်ပိုင်ရှင် ရောက်လာတဲ့အချိန်မှာ မိန်းကလေးက မူးမေ့လဲကျနေတာတွေ့ရတာကြောင့် တက္ကသိုလ်ဝင်းထဲက ဆေးခန်းကို ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်က စစ်ဆေးပြီး အခြေနေစိုးရိမ်ရသဖြင့် ဆေးရုံတင်ရန် လူနာတင်ကားကို ဆက်သွယ်ပြီး မိန်းကလေးကို ဆေးရုံကားပေါ် တင်ပေးလိုက်ပါတယ်။
 
 
အလုပ်ရှင်က သူ့ရဲ့ကားနဲ့ ဆေးရုံကို သွားနှင့်ပါတယ်။ ဆေးရုံကားရောက်လာတဲ့အခါ ကားပေါ်မှာ မိန်းကလေးက ရှိုက်ကြီးတငင်ငင် ငိုကြွေးနေတာကြောင့် အလုပ်ရှင်ဖြစ်သူ အံ့သြသွားပြီး အကြောင်းရင်းကို မရမက မေးရာမှ နောက်ဆုံးတွင် ဆေးရုံကားပေါ်မှ ဝန်ထမ်းက သူမကို လမ်းတလျှောက် မဖွယ်မရာလုပ်ခဲ့ကြောင်း ဖွင့်ပြောခဲ့ပါတယ်။
 
ဆေးရုံကားပေါ်က ခေါက်ကုတင်ပေါ်မှာ လဲလျောင်းလိုက်ပါလာစဉ် သတိရတချက် မရတချက်ဖြစ်နေတုန်း သူမရဲ့ ရင်သားတွေကို ဝန်ထမ်းက လျှောက်စမ်းနေတာကို သိခဲ့ရပါတယ်။ သူမအနေနဲ့ အလွန်အားနည်းနေတာကြောင့် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခင်မှာ သူမရဲ့ မိန်းမကိုယ်ထဲကို လက်ချောင်းထည့်ပြီး ကျူးလွန်ခဲ့တာကို ခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။
 
အလုပ်ရှင်ဖြစ်သူက ဒေါသထွက်ပြီး လူနာကို သက်သာအောင် ပြုစုစောင့်ရှောက်ရမဲ့အစား အခွင့်ကောင်းယူပြီးစော်ကားခဲ့တဲ့ ဝန်ထမ်းကို မိန်းကလေးကိုယ်စား ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
 
ရဲစခန်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၄(ခ) နဲ့ အမှုလက်ခံခဲ့ပြီး အသက် ၂၂ နှစ်အရွယ် လူနာတင်ယာဉ်ဝန်ထမ်း အမျိုးသားကို ဖမ်းဆီးထားပြီး အမှဒကို စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

 


25 Apr 2019     1,465 Views




RELATED

Most Popular of Special or Others

Most Popular of NEWS