BEC-TERO TV

ရန်ကုန်ကို စိမ်းလန်းပြီး Smart ကျတဲ့မြို ့ဖြစ်အောင််လုပ်မယ်လို့ ဝန်းကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော

25 Apr 2019     1,310 Views


ရန်ကုန်ကို စိမ်းလန်းတဲ့ Smart City ဖြစ်အောင်  ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ကို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းကာ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
 
>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ သက်တမ်း ၃ နှစ်တာကာလအတွင်း  ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက  “ မြို့ကိုစိမ်းလန်းစေဖို့အတွက် ဆောင်ရွတ်နေပါတယ်။ ရန်ကုန်မြို့ဟာ ဥယျာဉ်မြို့တမြို့လို ဖြစ်လာနိုင်အောင် ပြုပြင်သွားဖို့ လိုပါတယ်။ ဒါကြောင့်မို့ ပန်းခြံတွေကို အများကြီး ပြုပြင်ခဲ့ပါတယ်။ တချိန်က ပန်းခြံတွေ အခြေအနေနဲ့ ယခု အခြေအနေတွေကို ကြည့်မယ်ဆိုရင် ပန်းခြံတွေ တော်တော်များများက စိမ်းလန်းပြီး တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက ပြည်သူတွေက ဒီပန်းခြံတွေကို အသုံးပြုပြီး အနားယူ အပန်းဖြေကြတယ်။

အားကစားလုပ်ကြ တာတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့မြို့ကို စိမ်းလန်းတဲ့မြို့တမြို့ အဖြစ် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပင်လယ်ကမ်းခြေတလျှောက် ဒီရေတောတွေ စိုက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒီရေတောတွေကို ဧကနှစ်သောင်းကျော်လောက် ပျိုးထောင်သွားဖို့ ပြင်ဆင်ထား ပါတယ်။” လို့ပြောပါတယ်။
 
ပြီးခဲ့တဲ့ သုံးနှစ်တာကာလကို ပြန်ကြည့်လိုက်ရင် ကျေနပ်စရာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များစွာခဲ့တဲ့အကြောင်းနဲ့  ရန်ကုန်မှာ အဓိက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက ရေကြီးရေလျှံမှုပြဿနာ၊ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တောင်လိုပုံနေတဲ့ပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းပေးခဲ့သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကားလိုင်းတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖြေကြားသွားပါတယ်။

25 Apr 2019     1,310 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS