BEC-TERO TV

သိုးနံ့ထွက်နေတဲ့ ဒါန်ပေါက်စားပြီး ပရဟိတဂေဟာမှ ကလေးအချို့ အစာအဆိပ်သင့်

25 Apr 2019     1,256 Views


ဧပြီလ ၂၄ ရက်နေ့က မုံရွာမြို့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကလေးအချို့ လှူဒါန်းထားတဲ့ ပဲဒံပေါက်နှင့် သိုးနံ့ထွက်နေတဲ့ ကြက်သားတို့ကို စားပြီးနောက် အစာအဆိပ်သင့်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
မုံရွာမြို့ သလ္လာရပ် ပေ(၈၀)လမ်းမှာ တည်ရှိတဲ့ ပရဟိတဂေဟာတွင် မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားရာ ကလေးပေါင်း ၉၀ ကျော်ရှိတဲ့အနက် ယင်းဒံပေါက်များကို စားမိခဲ့တဲ့ ကလေး ၉ ဦး အစာအဆိပ်သင့် အော့အန်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
 
အစာအဆိပ်သင့် ကလေးများကို မေတ္တာဦးဆေးခန်းသို့ ကနဦး တင်ပို့ကုသခဲ့ပေမယ့် သတိလစ်မေ့မျောတာတွေ ရှိလာတဲ့အတွက် မုံရွာမြို့ အမျိုးသမီးနဲ့ကလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ကုသထားကြောင်း ပရဟိတဂေဟာရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်လှိုင် က ပြောပြခဲ့ပါတယ်။
 
 
လက်ရှိအခြေအနေမှာတော့ သွေးခုန်နှုန်း ပုံမှန်အနေအထား ပြန်ဖြစ်နေပါတယ်။ ကလေးတွေက အသက် ၄ နှစ်ကနေ ၇ နှစ်ကြားဖြစ်ကာ နာဂနဲ့ ပအို့ဝ်တိုင်းရင်းသားလေးတွေဖြစ်ကြောင်း သိရှိရသည်။
 
သတင်းကိုးကား - 5PlusNews
 

25 Apr 2019     1,256 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS