BEC-TERO TV

ကြည့်ရဆိုးလွန်းတဲ့ မေးနှစ်ထပ်ကို အလွယ်ဆုံးနည်းနဲ့ ရှင်းပစ်ရအောင်

25 Apr 2019     2,552 Views


မေးနှစ်ထပ်လို့ အများကသိထားကြပြီး ဘေးတိုက်မြင်ရတဲ့အခါ ငှက်ကြီးဝန်ပိုလို မေးစေ့ကနေ ရင်ညွှန့်ထိ တဆက်ထဲ တွဲအိကျနေတဲ့ မေးသားတွေဟာ သင့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီး ရင့်ရော်စေပါတယ်။ 
 
ဒါ့အပြင် လောဘကြီးတဲ့ ဘူဆွာ ဝ,ဝကြီးတစ်ယောက်လို ပုံပန်းမျိုးလည်း ပေါ်စေတာကြောင့် ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကွက်မရှိတဲ့ မေးနှစ်ထပ်ကို ငွေကြေးလည်း ကုန်ကျစရာမလိုပဲ အချိန်တိုတွင်းမှာ အပြတ်ရှင်းပစ်နိုင်မယ့် လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
မေးနှစ်ထပ်လို့ ခေါ်ကြတဲ့ မေးစေ့အောက်က ကြွက်သားတွေဟာ တစ်ကယ်တော့ မလိုအပ်တဲ့ အသားပိုတွေဖြစ်ပါတယ်။ ဒီလို မေးအောက်သားတွေ ကြီးထွားမှုမှာ အမျိုးအစား ၃ မျိုးရှိပါတယ်။ အရေပြားပိုခြင်း၊ အဆီပိုခြင်း နဲ့ နှစ်မျိုးစလုံး ရောစပ်ပိုနေခြင်းတို့ ဖြစ်ပါတယ်။
 
အသက်အရွယ်ရလာတာ၊ ဆေးလိပ်သောက်တာ၊ နေရောင်ခြည်ဒဏ်ခံရတာ၊ ကိုယ်အလေးချိန်တက်တာ၊ မျိုးရိုးရှိတာနဲ့ နေထိုင်မှုပုံစံ မကျတာတွေကြောင့်လည်း မေးနှစ်ထပ်ကို ဖြစ်ပေါ်စေပါတယ်။
 
အခုခေတ်မှာတော့ မေးနှစ်ထပ်ကို ပျောက်သွားအောင် ခွဲစိတ်ကုသတဲ့ နည်းလမ်းနဲ့လည်း ရှင်ပစ်လို့ရပါတယ်။ လက်တလော ခေတ်စားနေတဲ့ နည်းလမ်း ၂ ခုကတော့ Lipolysis(လပေါ်လစ်စစ်) နဲ့ Mesotherapy(မက်ဆိုသာရဖီ) တို့ပဲဖြစ်ပါတယ်။
 
Lipolysis နည်းလမ်းက လေဆာရောင်ခြည်သုံးပြီး ပိုနေတဲ့ မေးအောက်သားတွေကို ဖယ်ရှားတားပါ။ Mesotherapy နည်းကတော့ ဆေးထိုးပြီး အဆီတွေကို ဖျော်ချတဲ့နည်းလမ်းပါ။ ဒီနည်းလမ်းက အချိန်ယူကုသရတာဖြစ်ပြီး ၆ လ လောက်အတွင်းမှာ ဆေးအလုံး ၁၀၀ ကျော်လောက် ထိုးဖို့ လိုမှာဖြစ်ပါတယ်။
 
အထက်ပါနည်းလမ်း နှစ်မျိုးစလုံးက မေးနှစ်ထပ်ကို ပျောက်သွားစေနိုင်ပေမယ့် ငွေကြေးအကုန်အကျများတဲ့ နည်းလမ်းဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ငွေကုန်ကြေးကျလည်း မများ၊ ဘေးထွက်ဆိုးကျိုးကင်းပြီး မေးနှစ်ထပ်ကို အမြန်ဆုံး ဖယ်ရှားနိုင်မယ့် ထိရောက်တဲ့ သဘာဝနည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။
 
 
၁။ ဇက်လေ့ကျင့်ခန်း
 
မေးသားထဲ့က အဆီပိုတွေကို ဖယ်ရှားဖို့ အဓိကလုပ်ဆောင်ချက်ကတော့ ပူနွေးအောင်လုပ်ပြီး ဖျော်ချရမှာ ဖြစ်ပါတယ်။
 
 
− ပထမဦးဆုံး ထိုင်လျက်ဖြစ်စေ မတ်တပ်ရပ်လျက်ဖြစ်စေ ခါးမတ်အောင်ထားပါ။
− ဦးခေါင်းငြိမ်ထားပြီး ရှေ့တည့်တည့်ကြည့်ကာ မျက်စိမှိတ်ပါ။ (ခေါင်းမမူးစေရန်)
− ဦးခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ပါ။
− ဖြည်းဖြည်းချင်း ဦးခေါင်းမော့ပြီး နောက်လှန်ပါ (မျက်နှာက မျက်နှာကျက်ကို မူနေတဲ့အနေအထား)
− အဲဒီနောက် ဦးခေါင်းကို ပြန်မတ်ပြီး ဘေးတစ်ဖက်ဆီသို့ ဖြည်းညှင်းစွာစောင်းပါ။
− ထို့နောက် နဂိုမူလပုံစံအတိုင်း ဦးခေါင်းကို ပြန်မတ်ထားပြီး အစကနေ အဆင့်ဆင့် အစအဆုံး ၁၀ ကြိမ်ပြည့်အောင် ပြန်လည် လုပ်ဆောင်ပါ။
− တစ်ရက်လျှင် နှစ်ကြိမ် လုပ်ပါ။
 
 
၂။ မေးရိုးဆန့်ထုတ် လေ့ကျင်းခန်း
 
ယခုလေ့ကျင့်ခန်းဟာ မျက်နှာ၊ လည်ပင်းနဲ့ မေးရိုးတလျှောက် အရေပြားတွေကို ဆန့်ထုတ်တာဖြစ်လို့ မေးအောက်သားအပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ပါတယ်။
 
− ဦးစွာပထမ ခါးကို မတ်မတ်ထားပါ။ 
−  ဦးခေါင်းကို မျက်နှာကျက်ကိုကြည့်တဲ့ အနေအထား ဦးခေါင်းမော့ပါ။
− မေးရိုးမှ ကြွက်သားတွေ တင်းလာသည်ထိ မော့နိုင်သလောက် မော့ထားပါ။
− ၁ ကနေ ၁၀ ထိ ရေတွက်တဲ့အချိန်ထိ မော့ထားပါ။
− ဦးခေါင်းကို ပုံမှန်အနေအထား ပြန်ထားပါ။
− နောက်ထပ်တစ်ကြိမ် ၁ ကနေ ၁၀ ထိ ရေပြီး ပြန်လုပ်ပါ။
− တစ်ရက်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ် လုပ်ပေးပါ။
 
 
၃။ နှုတ်ခမ်းစူ လေ့ကျင့်ခန်း
 
 
ခါးကို မတ်မတ်ထားပါ။ မျက်နှာကျက်ကိုကြည့်တဲ့ အနေအထား ဦးခေါင်းမော့ပါ။ ဦးခေါင်းမော့ထားလျှက် နှုတ်ခမ်းများကို စုပြီး ရှေ့ကိူ စူထုတ်လိုက်ပါ။ လည်းပင်းကြွက်သားတွေ တင်းလာတာကို ခံစားရပါလိမ့်မယ်။
 
အဲဒီအနေအထားအတိုင်း စိတ်ထဲကနေ ၁ ကနေ ၂၀ အထိ ရေတွက်ပြီး နေပေးပါ။ နှုတ်ခမ်းစူထားတာ လျှော့လိုက်ပြီး ဦးခေါင်းကို မတ်မတ် ပြန်ထားပါ။ အဆိုပါ လေ့ကျင့်ခန်းကို နေ့စဉ် ၁၀ ကြိမ် ၁၅ ကြိမ်လောက် လုပ်ပါက သီတင်းပတ် အနည်းငယ်အတွင်း သိသာလာပါလိမ့်မယ်။
 
၄။ ဘောလုံးညှစ်လေ့ကျင့်ခန်း
 
 
တင်းနစ်ဘောလုံးတစ်လုံးရှာပါ။ တင်းနစ်ဘောလုံးကို လည်ပင်းနဲ့ မေးရိုးကြားမှာ ညှပ်ပြီး ဘောလုံးပြုတ်မကျအောင် ညှစ်ထားပါ။ ဒီလေ့ကျင့်ခန်းကို ထိုင်လျှက် ခါးမတ်မတ်ထားပြီး ၁၀ ကြိမ်ကနေ အကြိမ် ၃၀ လောက်ထိ လုပ်ပါ။
 
၅။ ပီကေဝါးလေ့ကျင့်ခန်း
 
 
ဒီလေ့ကျင့်ခန်းကိုတော့ အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရိုးရှင်းပါတယ်၊ သကြား(လုံးဝ)မပါတဲ့ ပီကေအမျိုးအစားကို ဝယ်ပြီး တောက်လျှောက် ဝါးပေးနေရုံပါပဲ။ 
 
ဒီလို ဝါးပေးခြင်းအားဖြင့် မေရိုးနဲ့ လည်ပင်းကြွက်သားတစ်ဝိုက် မအားမလပ် အလုပ်လုပ်နေရတာကြောင့် အဆီတွေကို ဖျော်ချသလို ဖြစ်ပြီး မေးနှစ်ထပ် ပျောက်ကင်းသက်သာစေမှာဖြစ်ပါတယ်။
 
ဖော်ပြပါ နည်းလမ်း ၅ သွယ်က စားဖတ်သူတွေအတွက် ကုန်ကျစရိတ်လည်းနဲ၊ လွယ်လည်း လွယ်ကူတာမို့ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မေးနှစ်ထပ်ဖြစ်ခြင်းဟာ ကိုယ်အလေးချိန် တက်လာတာ(ဝ လာတာ) နဲ့ အဓိကတိုက်ရိုက် ဆက်စပ်နေတာမို့ အရှင်းပျောက်ဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ရင်း တစ်ဖက်ကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားပြီး ကိုယ်ရည်စစ်အောင်လည်း လုပ်သင့်ပါတယ်။
 
အထူးသဖြင့် ဆီကြော်တွေ၊ သွားရည်စာတွေနဲ့ သကြားပါတဲ့ အချိုရည် အစားအသောက်တွေကို တတ်နိုင်သလောက် အထူးရှောင်ကျဉ်ကြဖို့လည်း လိုအပ်ပါကြောင်း အသိပေးပါရစေ။ ရုပ်ဆိုးလွန်းတဲ့ မေးနှစ်ထပ်တွေ ကင်းစင်ပြီး V shape မေးရိုးလေးနဲ့ လှချင်တိုင်း လှပနိုင်ကြပါစေ။
 
(ပိုပိုလေး)

 


25 Apr 2019     2,552 Views




RELATED

Most Popular of Health Fix

Most Popular of Life Style