BEC-TERO TV

World MMA Awards ဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်

30 Apr 2019     1,541 Views


မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ World MMA Awards ဆုအတွက် ထည့်သွင်းရွေးချယ်ခြင်း ခံထားရပါတယ်။ အဆိုပါဆိုပေးပွဲကို Fighters Only Magazine ကပြုလုပ်တာဖြစ်ပါတယ်။ World MMA Awards ဆုကို နိုင်ငံတကာမှာရှိတဲ့ MMA ပြိုင်ပွဲတွေထဲက ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး ဆုကိုတော့ ပရိတ်သတ်ပေးတဲ့ Vote နဲ့ ရွေးချယ်တာဖြစ်ပါတယ်
 
                                  >>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အောင်လအန်ဆန်ဟာ တစ်ကမ္ဘာလုံးက အထင်ကရ ဖိုက်တာတွေနဲ့ တစ်တန်းတည်းဖြစ်တဲ့ Charles “Mask” Lewis Fighter of the Year ဆုအတွက် လျာထားခြင်းခံရတာဖြစ်ပါတယ်။ဒါ့အပြင် အောင်လအန်ဆန်ဟာ နောက်ထပ်ဆုအမျိုးအစားတစ်ခုဖြစ်တဲ့ International Fighter of the Year ဆုအတွက်လည်း နိုင်ငံတကာ MMA Fighter တွေနဲ့ အပြိုင်လျာထားခြင်းခံရပါတယ်။

World MMA Awards ဟာ MMA ထူးချွန်ကစားသမားတွေအတွက် အထူးဂုဏ်ဆောင် အရမ်းကိုတန်ဖိုးရှိတဲ့ ဆုတွေလည်းဖြစ်ပါတယ်။ အဆိုပါဆုတွေက ပရိတ်သတ်တွေ ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး ပေးအပ်တာမျိုးဖြစ်ပါတာကြောင့် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကို နိုင်ငံတကာအလည်မှာ ပိုမိုသိလာစေမယ့်အပြင် မြန်မာပြည်သူတွေအနေနဲ့ ဒီဆုအတွက် အောင်လန်အန်ဆန်ကို Vote ပေးကြရအောင်လားဗျာ…….
 

ဒီဆုအတွက် အောင်လအန်ဆန်ကို Vote လုပ်ချင်တယ်ဆိုရင် ဒီလင့်မှာ https://www.worldmmaawards.com/vote မိမိအမည် Email စတာတွေဖြည့်သွင်းပြီး Vote လုပ်ရမှာဖြစ်ပါတယ်။

ဒီတစ်ခါလည်း ခါတိုင်းအောင်လအန်ဆန်ပြောသလို့ ကျွန်တော်တို့ရဲ့ စုစည်းညီညွတ်မှုကို ပြကြရအောင်ပါ။ 
 
Like & Share and Vote လုပ်ပေးဖို့ မမေ့ကြနဲ့နော်….

30 Apr 2019     1,541 Views




RELATED

Most Popular of Boxing

Most Popular of Sport