BEC-TERO TV

ကျန်းမာရေးစစ်ဆေးခံနေတဲ့ ဖန်လှောင်အိမ်ထဲက ကလေးငယ်လေးတွေ (ရုပ်သံ)

03 May 2019     1,474 Views


ဖန်ပေါင်းချောင်လေးထဲမှာ လက်ကလေးနှစ်ဖက်မြောက်ရင်း ကိုယ်လုံးလေး ညပ်နေတဲ့ ချစ်စရာကလေးငယ်တွေ့ရဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီးနောက် ကလေးတွေကို ဘာလုပ်ကြတာလည်းလို့ ဝင်ရောက်စပ်စုသူတွေများပြားလာပါတယ်။
 
 
Intermountain ကလေးဆေးရုံရဲ့ အဆိုရ ဒီပုံတွေဟာ ကလေးငယ်လေးတွေရဲ့ ရင်ဘတ်ပိုင်းကို ဓာတ်မှန်ရိုက်ပေးနေတာဖြစ်ပါတယ်။ ၃ နှစ်ခွဲအရွယ်ထိ ဒီစက်တွေသုံးပြီး ဓါတ်မှန်ရိုက်ပေးပါတယ်။
 
ပလပ်စတစ်အကြည်ရောင် ထုလုံးရှည်တပ်ဆင်ထားတဲ့ စားပွဲမှာ အပေါက်ဖောက်ထားပြီး အောက်မှာ ထိုင်ခုံလေးတစ်ခုရှိနေပါတယ်။ ကလေးက အပေါ်ပိုင်းအဝတ်အစားမပါပဲ လက်ကလေးနှစ်ဖက် ဦးခေါင်းပေါ်မြောက်ပြီး ကိုယ်လုံးနဲ့ ကွက်တိဖြစ်အောင် ပလပ်စတစ်တံခါးလေး ပိတ်ပြီး ဓါတ်မှန်ရိုက်ပေးတားဖြစ်ပါတယ်။
 
 
ဒီလိုလုပ်ခြင်းဖြင့် ရေဒီယိုလှိုင်းတွေ ကလေးရဲ့ မလိုအပ်တဲ့နေရာတွေကို မထိစေပဲ ဘေးကင်းစိတ်ချစွာ ဓါတ်မှန်ရိုက်နိုင်ပါတယ်။ “Pigg O Stat” လို့ ခေါ်တဲ့ ဒီစက်လေးရဲ့ နည်းပညာကို သုံးခဲ့တာ နှစ်ပေါင်း ၅၅ တောင်ရှိပြီလို့သိရပါတယ်။
 
 
ရုပ်သံမှာ အသုံးပြုပုံပြုနည်းကို လေ့လာကြည့်ရှုနိုင်ပါတယ်။ 
 

03 May 2019     1,474 Views




RELATED

Most Popular of Special or Others

Most Popular of Life Style