BEC-TERO TV

အရွယ်တင်နုပျိုခြင်းရဲ့ လျှို့ဝှက်ချက် ၁၀ ချက် (ဂျပန်နည်းလမ်း)

06 May 2019     1,859 Views


ဂျပန်အမျိုးသမီးတွေဟာ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အများအားဖြင့် ခန္ဓာကိုယ် သွယ်လျပြီး ရုပ်ရည်လေးတွေက အရွယ်တင်နုပျိုနေတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့နောက်ကွယ်မှာ အလှအပနဲ့ ပက်သက်ပြီး ဂျပန်ရိုးရာ ရှေးဟောင်းလျှိုဝှက်ချက် တစ်ခုခုရှိလိမ့်မယ်လို့ ထင်ပါတယ်။
 
ဒါပေမယ့် တစ်ကယ်တော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး သူတို့ရဲ့ စားသောက်ပုံ၊ နေထိုင်သွားလာပုံတွေကြောင့်သာ အခုလို အရွယ်တင်နုပျိုနေကြတာဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးတွေလို အရွယ်တင်နုပျိုချင်သူတိုင်း အောက်ပါအချက် (၁၀)ချက်ကို မိမိရဲ့ နေ့စဉ်ဘဝထဲမှာ အတုယူပြီး ပြုမူနေထိုင်လိုက်ရုံနဲ့ ငွေကြေးကုန်ကျခြင်းမရှိပဲ အမြန်ဆုံး အရွယ်တင်နုပျိုလာကြပါလိမ့်မယ်။
 
၁။ အစိမ်းရောက်လက်ဖက်ရည် Green Tea သောက်သုံးခြင်း
 
 
ဂျပန်တွေဟာ Green Tea ကို အမြဲပုံမှန် မြတ်မြတ်နိုးနိုးနဲ့ သောက်လေ့ရှိပါတယ်။ Green tea ဟာ အရည်အသွေးမြင့် လက်ဖက်ရွက်အကောင်းစားတွေနဲ့ လုပ်ထားပြီး လက်ဖက်ခြောက် ဒါမှမဟုတ် အမှုန့်အနေနဲ့ ရရှိနိုင်ပါတယ်။
 
Green Tea မှာ ကျန်းမာရေးအတွက် အကျိုးများစေမယ့် သဘာဝဓာတ်တွေအပြင် ခန္ဓာကိုယ်ကို စောင့်ရှောက်ကာကွယ်တဲ့ အင်တီအောက်ဆီဒင့် ပြည့်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကို ရောင်ခြည်သင့်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသားအရေနဲ့ ကိုယ်အလေးချိန်ကျဆို့ဆိုရင် Green Tea က အထောက်အကူပေးနိုင်ပါတယ်။
 
 
၂။ အချဉ်ဖောက်ထားတဲ့ ဟင်းလျာ စားသုံးခြင်း
 
 
 
 
 
 
 
ဂျပန်လူမျိုးတွေဟာ ခြေလေးချောင်း အနီရောင်ရှိတဲ့ အသားတွေထက်စာရင် ပင်လယ်စာကို ဦးစားပေးစားကြသူတွေဖြစ်ပါတယ်။ အသားတွေဟာ နှလုံးသွေးကြောပြသနာနဲ့ ရောင်ရမ်းနာတွေကို အားပေးတတ်တဲ့ သဘာဝရှိပါတယ်။
 
ဒါ့အပြင် ပင်လယ်စာတွေနဲ့ တွဲဖက်ပြီး ဆန်နဲ့ ခေါက်ဆွဲတို့ကို စားသောက်ခြင်းကလည်း လုံလောက်ပြီး အရည်အသွေးမြင့်တဲ့ ပရိုတိန်းဓာတ်တွေ ရရှိတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။
 
ငါးတွေမှာပါတဲ့ အိုမီဂါ၃ က အသားအရေ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အရေပြားကင်ဆာ ဖြစ်ပွာခြင်ကနေ ကာကွယ်ပေးပါတယ်။
 
 
၄။ တစ်ခါပြင် နည်းနည်း
 
 
ဂျပန်စတိုင် အကန့်လေးတွေပါတဲ့ သစ်သားဗူးလေးနဲ့ အစားအသောက်မှာ တစ်ယောက်စာအတွက် တစ်ခါပြင်နည်းနည်းသာ ထည့်ထားတာကို တွေ့ဖူးကြပါလိမ့်မယ်။ တစ်ခါထဲနဲ့ အဝအပြဲစားတာထက် တစ်ခါပြင် နည်းနည်း စားတာက ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားနိုင်ပါတယ်။
 
ဒါကြောင့်မို့ သူ့တို့ရဲ့ ထမင်းတွေ ဟင်းတွေကို ပုဂံသေးသေးလေးတွေနဲ့ ထည့်ပြီး တည်ခင်းတတ်ပါတယ်။ ကြည့်လိုက်ရင် နဲတယ်လို့ မထင်ရသလို ဂျပန်ရိုးရာ ထမင်းဝိုင်းရဲ့ အလှအပကိုလည်း ပေါ်လွင်စေပါတယ်။
 
 
၅။ လမ်းလျှောက်တဲ့အလေ့
 
ဂျပန်တွေဟာ လမ်းအင်မတန်လျှောက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် နေ့စဉ် သူတို့လုပ်နေကျအလုပ်မှာ လမ်းလျှောက်တဲ့ အလုပ်အမြဲရှိနေပါတယ်။ ဂျပန်တွေဟာ သူတို့ရဲ့ ကားကို အိမ်ရှေ့ ထိုးစိုက်ရပ်ပြီး အိမ်ထဲ ဝင်သွားလေ့မရှိပါဘူး။ ကားကို အိမ်နဲ့ ခပ်လှမ်းလှမ်းက ပါကင်မှာ ရပ်ထားခဲ့ပြီး အိမ်ကို လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ် သွယ်လျဖို့ အထောက်အကူဖြစ်ပါတယ်။
 
ဒါ့အပြင် လမ်းလျှောက်ခြင်းကြောင့် စိတ်ဖိစိမှုးလျော့ကျစေပြီး ပျော်ရွှင်တဲ့စိတ်ကို မြင့်တက်စေကာ အသက်ရှည်စေပါတယ်။ ဂျပန်ကျောင်းသား ကလေးတွေဟာ ကျောင်းကို လမ်းလျှောက်ပြီး သွားလေ့ရှိပါတယ်။
 
 
၆။ အလျှင်စလို အစာမစားခြင်း (သို့) အစာစားစဉ် အခြားဘာမှမလုပ်ခြင်း
 
ဂျပန်ရိုးရာဓလေ့မှာ အစားအသောက်စားတာက အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ သူတို့တွေ စားသောက်ကြတဲ့အခါ အချိန်ယူပြီး အေးအေးဆေးဆေး စားတတ်ကြပါတယ်။ ထမင်းစားနေရင်းနဲ့ တီဗီကြည့်တာ၊ ဟိုထသွား ဒီထသွား မလုပ်ကြပါဘူး။ အစားအသောက်ကိုပဲ အာရုံစိုက်ပြီး ဖြေးဖြေးဆေးဆေး စားကြတဲ့အတွက် အဟာရလည်း ပိုဖြစ်ပါတယ်။
 
အစားအစာကို ဖြေးဖြေး ကြေညက်အောင် ဝါးစားခြင်းဖြင့် အစာအိမ်ကို အစာချေဖို့ အချိန်ကောင်းကောင်းရတယ်လို့ ဂျပန်တွေက ဆိုလေ့ရှိပါတယ်။ ဒါကြောင့်မို့ ထမင်းအလုပ်ကို သေးသေးယူ အချိန်ပေးပြီး ကြာကြာဝါးစားတာက အစာကြေလွယ်သလို အများကြီးလည်း မစားဖြစ်တော့ပါဘူး။
 
 
၇။ ကျန်းမာရေးနဲ့ ညီညွတ်စွာချက်ပြုတ်ခြင်း
 
ဂျပန်တွေဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီတာပဲ ရွေးစားတာတင်မကပဲ ချက်ပြုတ်တဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်ပါတယ်။ ဂျပန်အစားစာမှာ အကြွပ်ကြော်ထားတဲ့ အစားအသောက် တွေ့ရတာနည်းပါတယ် (တန်ပူရာတွေကလွဲရင်)။ ကင်ရင် ကင် မကင်ရင် သေချာပြင်ဆင်ပြီး အစိမ်းစားကြတာမို့ အဟာရကို အစားအသောက်ကနေ အပြည့်အဝ တိုက်ရိုက် ရရှိပါတယ်။
 
 
၈။ ကိုယ်ခံပညာလေ့ကျင်းခြင်း
 
ကိုယ်ခံပညာ ကစားရတာကို ဂျပန်အမျိုးသားရော အမျိုးသမီးတွေကပါ အလွန်စိတ်ဝင်စားကြပါတယ်။ ဂျပန်ကိုယ်ခံပညာအဖြစ် ဂျူဒို၊ အာကီဒို၊ ကာရာတေး စသည်ဖြင့် ရှိကြပါတယ်။ ကိုယ်ခံပညာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းက ကြွက်သားတွေကို သူ့နေရာနဲ့သူ သန်မာစေပြီး၊ အဆီကျအသားကျစ်လစ်ကာ ကျန်းမာရေးကောင်းစေပါတယ်။
 
 
၉။ ရေပူစမ်းမှာ ရေချိုးခြင်း
 
 
မီးတောင်ပေါများတဲ့အတွက် ဂျပန်ရဲ့ နေရာအနှံ့မှာ ရေပူစမ်းတွေရှိကြပါတယ်။ သဘာဝ ရေပူစမ်းချိုးခြင်းကြောင့် တွင်းထွက်သဘာဝသတ္တုဓာတ်တွေကို အရေပြားက ခံစားရရှိပြီး အသားအရည်ကြည်လင်ကာ ပူနွေးနွေး အာနိသင်ကြောင် သွေးလှည့်ပတ်မှုကောင်းလာပြီး ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် လှည့်လည်မှုကောင်းစေပါတယ်။
 
စိတ်ဖိစီးမှုလျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အတွက် ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ရေပူစမ်းမရှိတဲ့ နေရာမှာတော့ ရေနွေးစက် ဒါမှမဟုတ် ရေနွေးစပ်ပြီး ရေချိုးပေးခြင်းဖြင့် အလာတူနီးပါး အာနိသင် ရရှိစေမှာပါ။
 
 
၁၀။ ကျန်မာရေးနဲ့ ညီညွတ်တဲ့ အချိုပွဲစားခြင်း
 
 
ထမင်းစားပြီးတဲ့အခါ သကြားလုံးနဲ့ အချိုအရသာရှိတဲ့ မုန့်တွေကို ဂျပန်စားသောက်ဝိုင်းတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါတွေက လူကို ဝ လာစေနိုင်ပါတယ်။
 
ဒီလို အချိုမုန့်တွေအစား ဂျပန်တွေက အချိုပွဲကို သဘာဝသစ်သီးတွေနဲ့ ပြင်ဆင်ပါတယ်။ အချိုစားချင်တဲ့အခါမှာလည်း ကန်စွန်းဥ၊ ပြောင်းဖူး၊ မုန်လာဥနီ(ခါကြက်ဥ)လို ချိုတဲ့အရသာရှိတဲ့ အသီးနှံတွေကိုသာ စားလေ့ရှိပါတယ်။
 
အချုပ်အားဖြင့်ဆိုရသော် အသားထက် ငါးကို ဦးစားပေးကာ တစ်ခါပြင်နည်းနည်း ပုံစံနဲ့ စားသောက်ကြပါတယ်။ ဘသာဝအတိုင်းမဟုတ်တဲ့ အချိုရှောင်ကာ Green Tea ကို မှန်မှန်သောက်ပြီး လမ်းမှန်မှန်လျှောက်ကာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ကိုလည်း မပျက်ကွက်တာကြောင့် ဂျပန်အမျိုးသမီးတွေဟာ အသက်ရလာပေမယ့် အရွယ်တင်နုပျိုကျန်းမာနေကြတာပဲ ဖြစ်ပါတယ်။
 
သူတို့ရဲ့ ပြုမူစားသောက်နေထိုင်ပုံကို အနီးစပ်ဆုံး ပုံတူယူပြီး မိမိရဲ့ နေ့စဉ်နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်မည်ဆိုပါက ဂျပန်အမျိုးသမီးတွေလို အရွယ်တင်နုပျိုကြမှာ မလွဲပါဘူး။ 

 


06 May 2019     1,859 Views




RELATED

Most Popular of Health Fix

Most Popular of Life Style