BEC-TERO TV

တောင်ကိုးရီးယားမှာ လတ်တလော နာမည်ကြီးနေတဲ့ ရေဘဝဲအရှင်စားတဲ့ Challenge

09 May 2019     1,876 Views


တောင်ကိုးရီးယားနိုင်ငံ Mukbang food bloggers များကြားတွင် နာမည်ကြီးလာတဲ့ challenge တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရေဘဝဲကို အရှင်စားပြခြင်း challenge ပါ။ ပင်လယ်ရေနေသတ္တဝါတွေဟာ စျေးတွေမှာတောင် အရှင်ဝယ်မှ လတ်ဆတ်တာဖြစ်တဲ့အတွက် အများစုက သတ်ပြီးရောင်းလေ့မရှိကြပါဘူး။ ဟိုအရင်တုန်းကတော့ လူတွေဟာအရှင်ဝယ်ပြီး အိမ်ရောက်မှ သတ်စားလေ့ရှိကြပေမဲ့ ခုနောက်ပိုင်း အရှင်လတ်လတ်ကို ပါးစပ်ထဲထည့်ပြီး စားသုံးလာကြပါပြီ။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဒီလို အချင်းအရာမျိုးက ဂျပန်ရိုးရာ ဆာရှီမီငါးတွေ အစိမ်းစားရင်းက စတင်လာတာဖြစ်ပါတယ်။ နောက်ပိုင်း လူတွေဟာအစိမ်းစားတာကို စွဲလမ်းလာရင်းက ပိုပြီးလတ်ဆတ်အောင် အရှင်လတ်လတ်စားလာကြတာမျိုးတွေ ရှိလာကြတာဖြစ်ပါတယ်။ ရေဘဝဲ အရှင်လတ်လတ်စားတာကတော့ တောင်ကိုးရီးယားကနေ စတင်လာတာဖြစ်ပြီး လက်ရှိမှာအစိမ်းစားတဲ့ challenge ကြီးက Youtube တစ်ခွင်မှာ ခေတ်စားလို့လာပါတယ်။

ဒီ Challenge ကို အများဆုံးလုပ်တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ကိုးရီးယားနဲ့ ဂျပန်တို့ပဲဖြစ်ပါတယ်။ ရေဘဝဲ အရှင်လတ်လတ် အကောင်လိုက် ပါးစပ်ထဲ ထည့်သွင်းလိုက်တာဟာ ဆိုရင် မြင်တွေ့ရသူတိုင်းကို ကြက်သီးတောင်ထသွားစေပါတယ်။ ကြည့်ရှုပြီး မိတ်ဆွေတို့ ခံစားချက်လေးတွေကိုလဲ ဝေမျှသွားကြပါဦး

credit- Youtube

(ပိုပိုေလး)

 


09 May 2019     1,876 Views




RELATED

Most Popular of Special or Others

Most Popular of NEWS