BEC-TERO TV

“အင်္ဂလန် နှစ်သင်းစလုံး ပြန်လာနိုင်မယ့်ဆိုတဲ့ ”ရော်နယ်ဒိုရဲ့ ခန့်မှန်းချက် အံ့အားသင့်စွာ မှန်ကန်ခဲ့

09 May 2019     1,399 Views


ဒီနေ့မနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စပါးက ခြေစွာနေတဲ့ အေဂျက်ဇ်ကို (၂-၃)နဲ့ Epic come back နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပါးဟာ အိမ်ကွင်းမှာ (၁-၀)နဲ့ အရေးနိမ့်ခဲ့ပြီး အဝေးကွင်းမှာလည်း ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပြီလို့ အများက ထင်မှတ်စရာဖြစ်ခဲ့ပါတယ်။

>  Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ >

သို့သော်လည်း ဒုတိယပိုင်းမှာ မယုံနိုင်ချင်စရာ  လူကပ်မောရာရဲ့ မှော်ဝင်ဟက်ထရစ် သွင်းဂိုးတွေနဲ့ ထိုက်ထိုက်တန်တန် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။.

လီဗာပူးလ်အသင်းကလည်း ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ (၁၁)နှစ်အတွင်း ပထမဆုံးအကြိမ် All English Final ပွဲကို ထပ်မံမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ် မော်စကိုဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ရဲ့ ဗိုလ်လုပွဲကိုသာ နောက်ဆုံးကြည့်ရူခဲ့ရတာဖြစ်ပြီး ၁၁ နှစ်အကြာ ထပ်မံမြင်တွေ့ ရတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ ဂျူဗင်တပ်စ်ကစားသမားကြီး ရော်နယ်ဒိုကတော့ အင်္ဂလန်ကလပ် နှစ်သင်းစလုံး ပြန်လာနိုင်မယ်လို့ ခန့်မှန်ပြောဆိုခဲ့ပြီး ယခု အံ့အားသင်းဖွယ် မှန်ကန်ခဲ့ပါတယ်.။ နှစ်သင်းစလုံးဟာ ပ-ကျော့မှာ အခြေအနေမကောင်းခဲ့ကြပေမယ် မယုံနိုင်ချင်စရာ ပြန်လာနိုင်မှုတွေနဲ့ အတူ ဖိုင်နယ်ကိုအသီးသီး တက်လှမ်းသွားနိင်ခဲ့ပါတယ်။

အဂျက်စ် ၂-၃ စပါး  (ဟိုက်လိုက် )


09 May 2019     1,399 Views




RELATED

Most Popular of Football

Most Popular of Sport