BEC-TERO TV

စိတ်ပင်ပန်၊လူပင်ပန်းဖြစ်နေရင် လုပ်သင့်တဲ့ အချက်(၄)ချက်

09 May 2019     1,514 Views


လူတစ်ယောက်မှာ ပင်ပန်းတယ်ဆိုတာက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်ခုက ခန္ဓာကိုယ်အားဖြင့် ပင်ပန်းတာဖြစ်ပြီး ဒုတိယကတော့ စိတ်အားဖြင့် ပင်ပန်းတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာအားအင် ချိနဲ့လာပြီး နေမကောင်းဖြစ်လာတဲ့အခါ စိတ်ဟာအလိုလိုသိမ်ငယ်လာတတ်သလို၊ ဝမ်းနည်းအားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဟာ ခန္ဓာကိုယ်ဟာနေထိုင်လို့ မကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာရှိတဲ့ ဇီဝကမ္မသဘောတရားတွေပါ။ လူတစ်ယောက်မှာ ရုပ်နဲ့ နာမ် မညီညွှတ်ရင် နေထိုင်မကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလို နေထိုင်မကောင်း စိတ်ပင်ပန်း ၊ လူပင်ပန်း ဖြစ်နေတဲ့အခါမျိုးမှာ စိတ်ကို အပန်းဖြေဖို့ ၊ခန္ဓာကိုယ်တက်ကြွလန်းဆန်းစေဖို့ ဘာတွေလုပ်သင့်သလဲဆိုတာ ပိုပိုလေးမှဝေမျှပေးလိုက်ပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
 
၁။ သီချင်းနားထောင်ပါ

စိတ်ပင်ပန်းနေတဲ့အချိန် စိတ်ကို ကြည်နူးသွားစေမယ့် အချစ်သီချင်းမြူးမြူးလေးတွေ နားထောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ သီချင်းလို့ပြောလိုက်တာနဲ့ ဘယ်သီချင်းအမျိုးအစားမဆို စိတ်ကို ကြည်နူးစေနိုင်မှာပါနော်။ သီချင်းလေးကို  တငြိမ့်ငြိမ့်နားထောင်ရင်း ခြေထောက်တွေ လက်တွေကို သံစဉ်အလိုက် စည်းချက်ညီညီ လှုပ်ခါ ကြည့်လိုက်ပါ။ ပါးစပ်ကလဲ သီချင်းစာသားလေးတွေကို လိုက်ရွတ်ကြည့်လိုက်ပါ။ ပင်ပန်းမှုတွေ ခဏတာပြေပျောက်သွားပြီး ပျော်ရွှင်မှုဆိုတဲ့အနှစ်သာရကို ရှာတွေ့နိုင်ပါလိမ့်မယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကျွန်တော်တို့အနီးအနားမှာပါပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့ ရှာမတွေ့ကြသေးတာပါ။
 
၂။ အိပ်ပါ

လူရော စိတ်ပါ နှစ်ခုစလုံး ပင်ပန်းနေပြီဆိုရင်တော့ မဖြစ်မနေအိပ်သင့်ပါတယ်။ အိပ်တယ်ဆိုတာကလဲ အတင်းကြီး မျက်စိစုံမှိတ်အိပ်လိုက်ရုံနဲ့ အိပ်မပျော်နိုင်ပါဘူး။ စိတ်ကို အရင်တည်ငြိမ်အောင်ထားပြီးမှ အိပ်ရပါမယ်။ အိပ်ခါနီး စိတ်ထဲမှာ ကိုယ်တစ်နေ့တာ ပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြန်လည်တွေးတောကြည့်ခြင်း အားဖြင့် စိတ်အကြည်ဓာတ်ကို ရရှိစေနိုင်ပါတယ်။ ကြည်လင်နေတဲ့ စိတ်နဲ့ အိပ်မှသာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပြီး အိပ်မက်ဆိုးတွေမက်ခြင်းမှလဲ အလှမ်းဝမ်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်မယ်ဆိုရင် စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်လုပ်ပြီးမှ အိပ်တာ အကောင်းဆုံးပါပဲ။
 
၃။ စာပေဖတ်ရှုပါ

စိတ်တွေ ရှုပ်ထွေးလာတဲ့အခါမျိုးမှာ ဘဝအတွက်တိုးတက်စေမယ့် နည်းလမ်းကောင်း စာအုပ်မျိုး၊ စိတ်ကိုဘယ်လိုတည်ငြိမ်အောင် ထားရမယ် အစရှိတဲ့ အကြောင်းကိစ္စတွေကို လမ်းညွှန်ပေးတဲ့ စာအုပ်လေးတွေဖတ်ပေးဖို့လိုအပ်ပါတယ်။ ဥပမာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့အချိန်မျိုးမှာ ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပေးသင့်ပါတယ်။ ဆရာတော် စာအုပ်ထဲက တစ်အုပ်ကို ညွှန်းပေးရမယ်ဆိုရင်ဖြင့် “ဘာကို တန်ဖိုးထားရမလဲ” ဆိုတဲ့ စာအုပ်ဟာ ပင်ပန်းနေချိန်မှာ စိတ်ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အက်မင်အတွက်တော့ စာပေပေါင်းစုံဖတ်ရှုဖြစ်တာမို့ စာပေတိုင်းက အနှစ်သာရတွေချည်းပါပဲ။ သုတရသ မျိုးစုံပေးတဲ့ စာအုပ်တွေကလဲ ဖတ်နေရင်းက ကျိုးကြောင်းဆင်ခြင်မိပြီး စိတ်ကို မည်သို့မည်ပုံ ထားသင့်တယ်ဆိုတာမျိုးတွေကို သတိထားမိလာမှာဖြစ်ပါတယ်။
 
၄။ ရေချိုးပါ

စိတ်ပင်ပန်းနေတာပဲဖြစ်ဖြစ်၊ လူပင်ပန်းနေတာပဲဖြစ်ဖြစ် ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ရေနဲ့ထိတွေ့လိုက်ရင် အလိုလိုနေရင်း လန်းသွားတာပါပဲနော်။ ရေမိုးချိုး ခန္ဓာကိုယ်တစ်ကိုယ်လုံး သန့်ရှင်းအောင် ဆေးကြောသုတ်သင်ချိန်မှာ ကိုယ်ပါးစပ်ထဲ စွဲနေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ဖြစ် ဆိုညည်းလိုက်တာက စိုးရိမ်ပူပန်မှုတွေကို ခဏတာပြေပျောက်သွားစေမှာပါ။ ရေချိုးပြီးတဲ့အခါမှာလဲ ကိုယ်ခန္ဓာတစ်ခုလုံး သန့်စင်သွားတာကြောင့် စိတ်ကြည်လင်မှု အလိုလိုနေရင်းရရှိလာမှာဖြစ်ပါတယ်။
 
(ပိုပိုလေး)

09 May 2019     1,514 Views




RELATED

Most Popular of Health Fix

Most Popular of Life Style