BEC-TERO TV

ကွန်ဖူးနဲ့ တိုက်ကွမ်ဒိုကျောင်းသားများရှောပင်းမောလ် တစ်ခုတွင် ရန်ဖြစ်ရာ လုံခြုံရေးများဝင်မဆွဲနိုင်ခဲ့

10 May 2019     1,539 Views


ၿပီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံ Changshu ရှော့ပင်းမောလ်တွင် ကွန်ဖူးကျောင်းသားများနဲ့ တိုက်ကွမ်ဒိုကျောင်းသားများ အငြင်းပွားစကားများခဲ့ရာက ရန်ပွဲတစ်ခု အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ကွန်ဖူးဆိုတာကတော့ တရုတ်နိုင်ငံ ရိုးရာသိုင်းပညာဖြစ်ပြီး တိုက်ကွမ်ဒိုကတော့ တောင်ကိုးရီးယားရဲ့ ရိုးရာ တိုက်ခိုက်နည်းတစ်မျိုးဖြစ်ပါတယ်။ တိုက်ကွမ်ဒို နဲ့ကွန်ဖူးမှာ ဘယ်သိုင်းပညာက ပိုကောင်းသလဲဆိုတာ သိဖို့ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ပြဿနာကတော့ ကွန်ဖူးကျောင်းသားများကို တိုက်ကွမ်ဒိုကျောင်းသားများက အမှန်တကယ် သိုင်းပညာတတ်တာ မဟုတ်ပဲ Gym trainer တွေသာဖြစ်ကြောင်း ပြောကြရာက စတင်ခဲ့တာဖြစ်ပါတယ်။ ကွန်ဖူးကျောင်းသားများဟာ ကွန်ဖူးပညာအသုံးချပြီး ကိုယ်အလေးချိန် လျော့ချပေးတဲ့ သင်တန်းဖွင့်ခဲ့ပါတယ်။ အမှန်တကယ် သိုင်းပညာ မတတ်ဘူးလို့ ပြောခံလိုက်ရတဲ့အခါ အငြင်းပွားမှုပြင်းထန်လာပြီး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှော့ပင်းမောလ် လုံခြုံရေး ဝန်ထမ်းများက တားဆီးဖို့ရောက်ရှိလာပေမဲ့ နှစ်ဖက်လုံးက သိုင်းသမားတွေဖြစ်နေတာကြောင့် မည်သူမှ ဝင်မဆွဲရဲဘဲ ဘေးကနေ ကြည့်နေခဲ့ရပါတယ်။ ရဲရောက်လာတဲ့ အချိန်မှာသာ တိုက်ကွမ်ဒို သမားများ ကြမ်းပြင်ပေါ် လဲကျနေပြီး အရေးနိမ့်နေကြောင်းတွေ့ရှိရပါတယ်။ သို့ပေမဲ့ မျက်မြင်သက်သေ တွေပြောကြားချက်အရ တိုက်ကွမ်ဒိုသမားတွေဟာ ကွန်ဖူး သမားတွေထက် ပိုတော်ကြောင်း ရဲရောက်လာတဲ့အချိန် သူတို့အချင်းချင်း အချက်ပြပြီး ကြမ်းပြင်ပေါ် အလိုလို လဲချလိုက်တာဖြစ်ကြောင်း သိရပါတယ်။

တိုက်ကွမ်ဒိုနဲ့ ကွန်ဖူး ရန်ဖြစ်တဲ့ဗွီဒီယိုဖိုင် youtube မှာတက်လာပြီး ဘယ်ဟာက ပိုကောင်းတဲ့ သိုင်းပညာဖြစ်သလဲဆိုတာ အငြင်းပွားမှုတွေဖြစ်လာပါတယ်။ Changshu City Mall မှာ တိုက်ကွမ်ဒိုနဲ့ ကွန်ဖူး ဖိုက်တင်ပလေး ကြတဲ့ ဗွီဒီယို ဖိုင်ကိုကြည့်ပြီး ဘယ်သိုင်းပညာကပိုကောင်းသလဲဆိုတာ သုံးသပ်ပေးပါဦး ပရိတ်သတ်ကြီးရေ။
 
(ပိုပိုလေး)

10 May 2019     1,539 Views




RELATED

Most Popular of Special or Others

Most Popular of NEWS